Retail Marketing ဘာလဲ … ဘယ်လဲ?

Standard

Retail Marketing ဆိုတာ ရောင်းအားကောင်းစေရန်အလို့ငှာ မိမိဆိုင် (အရောင်းနေရာ) ကိုသိအောင်လုပ်ခြင်း၊ မိမိဆိုင်မှာပဲ ဈေးဝယ်သူမှ အမြဲတမ်းဝယ်ဖြစ်စေရန်ကြိုးစားခြင်း၊ မိမိဆိုင်ရှိကုန်ပစ္စည်းများကို အရောင်းမြှင့်တင်ခြင်းကို ဆိုလိုပါတယ်။ Retail Marketing အခြေခံသဘောတရားတွေကိုတော့ First Comment မှာ Link ပြန် Share ပေးထားပါတယ်။ ဒီအခြေခံကိုနားလည်တာအပြင် Trend တွေကို သိလာဖို့လိုလာပါတယ်။ Trend တွေက ဘယ်ကို ဦးတည်နေသလဲပေါ့။

Trend ဘက်ကိုကြည့်လိုက်ရင် တော်တော်လေး မြန်မြန်ဆန်ဆန်နဲ့ကို ပြောင်းလဲနေတာကို အားလုံးပဲ သတိထားမိမယ်ထင်ပါတယ်။ သိပ်အများကြီးလိုက်မပြောဘူးဆိုရင် အဓိကအားဖြင့် (၃) ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။
၁) Physical Store တွေ ပြန်ခေတ်စားလာမယ် …

အားလုံးတွေ့မြင်နေရတဲ့အတိုင်း Online Shopping Site တွေ Facebook Online Shop တွေ တော်တော်လေး ခေတ်စားခဲ့ပြီးဖြစ်ပါတယ်။ Online Shopping Trend တော်တော်လေး တွင်ကျယ်လာခြင်းနဲ့အတူ အခုဆိုရင် Online Shop တွေ Offline မှာလည်း ဆိုင်ခွဲတွေဖွင့်လှစ်ပြီး In-store Experience ကောင်းတွေ မိမိတို့ ဈေးဝယ်သူတွေကို ပေးဖို့ ကြိုးစားလာကြပါတယ်။ Online to Offline သာမက Offline to Online ဆိုသလို Retail Sector ရဲ့ အပြောင်းအလဲတစ်ခုကို မြင်ရတာပါ။ လက်ရှိအချိန်မှာပဲ Offline က Supermarket ကြီးတွေလည်း Online မှာ ရောင်းချလာဖို့ အလားအလာတွေလည်း မျှော်လင့်လို့ရပါတယ်။

Marketer တွေကတော့ ထုံးစံအတိုင်းပေါ့ … O2O တို့ Integrated Marketing Communication တို့ နေ့တိုင်း စဉ်းစားရပါတော့မယ်။ Online ကလုပ်ချင်တာလုပ် Offline က သွားချင်တာသွားဆိုတာတွေ နားလိုက်ပါတော့။ တစ်သားတည်းကျပြီး မဟာဗျူဟာမြောက်တဲ့ Communication Strategy (360’ ဆိုလား 😀) တွေနဲ့ ဈေးကွက်ကို ခင်းကျင်းကြပါတော့မယ်။ ဈေးဝယ်သူတွေအတွက် ရွေးချယ်စရာပိုများလာတော့မယ့် အခြေအနေမှာ ကိုယ့်ကုန်အမှတ်တံဆိပ်ကိုပဲ သစ္စာရှိရှိလက်တွဲသွားဖို့ နည်းမျိုးစုံနဲ့ကြိုးပမ်းလာကြတော့မှာပါ။ In-store Shopping Experience ကောင်းဖို့လည်း လုံးဝ မေ့လို့မရပါဘူး။

နောက်တစ်ခုကတော့ Supply Chain Delivery ကောင်းကောင်းလုပ်နိုင်တဲ့ (Logistics ကောင်းကောင်းနိုင်နင်းတဲ့) Company တွေ ဈေးကွက်ကို ဦးဆောင်ပါလိမ့်မယ်။ Free Shipping တွေကိုဦးတည်တဲ့ Promotion Activity တွေ ခေတ်စားလာမယ်လို့ ထင်ရပါတယ်။
၂) App ဆိုမှ App ပဲ …

Tech Company တွေ များပြားလာခြင်းနဲ့အတူ Mobile Shopping App တွေ ပိုမို များပြားလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Banking Sector တိုးတက်လာခြင်းကြောင့် Payment ပိုင်းမှာ ပိုမိုတွင်ကျယ်လာခြင်းကနေ ၀ယ်ယူမှုပုံစံတွေ ပြောင်းလဲလာနိုင်ပါတယ်။ အခုတော့ Cash on Delivery (ပစ္စည်းလာပို့မှ ပိုက်ဆံရှင်း) က ခေတ်အစားဆုံးပေါ့။

Marketer တွေကတော့ UX (User Experience) တို့ UI (User Interface) တို့ စတဲ့ အခြေခံလေးတွေကို မမေ့လျော့နေဖို့လိုအပ်ပါတယ်။ ဈေးဝယ်သူအတွက် သူတို့ရဲ့ Buying Journey ကို အကောင်းဆုံး အထောက်အကူဖြစ်စေမယ့် Shopping App လေးတွေကတဆင့် ရိုးရှင်းလွယ်ကူပြီး သုံရလွယ်ကူတဲ့ App ပုံစံကို ဖန်တီးရင်း ဈေးဝယ်သူတွေနဲ့ အကောင်းဆုံး နီးစပ်အောင် ကြိုးစားရပါမယ်။ ယခင်လုပ်နေကြ Offline မှာသုံးနေတဲ့ ATL Ad (Above The Line Advertising) တွေ၊ တချို့ BTL Ad (Below The Line Advertising) တွေ၊ email Marketing တွေထက် (တို့ဆီမှာ လူတွေက email မှ မဖတ်ကြတာနော် 😀) In-app Promotion Activity တွေကနေ ဈေးဝယ်သူတွေနဲ့ Engage လုပ်လာကြမှာ ဖြစ်ပါတယ်။ Customer Service အတွက် AI (Artificial Intelligence) တွေကတဆင့် ကြိုးပမ်းတာတွေ ပိုမိုမြင်တွေ့ရဖို့ရှိပါတယ်။
၃) Data! Data! Insight! Insight! ဆိုတဲ့ စကားလုံးတွေ တွင်တွင်ကျယ်ကျယ်ကြားရမယ် …

တိုးတက်လာတဲ့ နည်းပညာတွေကတဆင့် ဈေးဝယ်သူတွေရဲ့ Data တွေ ပိုမိုသိရှိလာကြပါလိမ့်မယ်။ ဘယ်သူတွေဝယ်နေတာလဲ? ဘယ်သူတွေက မ၀ယ်တော့တာလဲ? ဘာဝယ်တာလဲ? ဘယ်အချိန်ဝယ်တာလဲ? ဘယ်လိုဝယ်တာလဲ? စတဲ့ Data မျိုးတွေကို နည်းပညာအကူအညီနဲ့ လွယ်ကူစွာသိရှိလာကြပါလိမ့်မယ်။

Marketer တွေကတော့ ဈေးဝယ်သူတွေနဲ့ တကယ့်ကို နီးနီးစပ်စပ်တစ်သားတည်းကျစေမယ့် Campaign တွေ Product Offer တွေနဲ့ ပွဲထွက်လာကြတော့မှာပါ။ Data ကို ကောင်းကောင်းကစားနိုင်တဲ့ Marketer တွေပဲ ဈေးကွက်ထဲမှာ ပန်းပန်ကြမှာပါ။ Management ဘက်က Data မရှိပဲ ဘာမှလာမပြောနဲ့ဆိုတာတွေလည်း မြင်ရကြားရဦးမှာပါ။ အဲတော့ Data ရရှိနိုင်ဖို့ Data ကို ကောင်းကောင်း သိရှိနားလည်ဖို့တွေအပြင် အသုံးချဖို့အထိ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
Trend တွေကတော့ ပြောင်းနေဦးမှာပါ။ ဒါကတော့ စာရေးသူရဲ့ အမြင်သက်သက်ဆိုတော့ သုံးသပ်ထားမိတာလေးတွေရှိရင်လည်း Comment Box မှာ Share လုပ်သွားပါဦး။ အမြင်ချင်း ဖလှယ်ကြတာပေါ့ …

ကျေးဇူးတင်ပါတယ်။
“Marketing is a race without a finishing line” ~ Philip Kotler

Advertisements

Ansoff Matrix အား Content Marketing ဖြင့် ချဉ်းကပ်ခြင်း (သို့မဟုတ်) Content Marketing ဖြင့် မဟာဗျူဟာမြောက် Growth ဖြစ်စေခြင်း

Standard

Growth Strategies လို့ပြောလိုက်ရင် Marketer တွေအားလုံးပြေးမြင်ကြတာကတော့ Ansoff Matrix ဆိုတာကြီးပါပဲ။ (ပုံတွင် Refer ပြုလုပ်ရန်) အဓိကကတော့ Growth Options တွေ စဉ်းစားတဲ့အချိန်တွေမှာပေါ့။ ဒီ Matrix ကြီးက မိမိ ကုန်ပစ္စည်း/၀န်ဆောင်မှု စတာတွေကို ဈေးကွက် (Market) ထဲမှာ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မှာလဲဆိုတဲ့ပုံစံကို စဉ်းစားတဲ့နေရာမှာ အထောက်အကူဖြစ်စေတယ်။ Growth Stragegy အနေနဲ့ ရွေးချယ်စရာကတော့ ၄ မျိုးပါ။

၁) လက်ရှိကုန်ပစ္စည်းကိုပဲ လက်ရှိဈေးကွက်မှာထိုးဖောက်ခြင်း

၂) ကုန်ပစ္စည်းအသစ်ကို လက်ရှိဈေးကွက်မှာထိုးဖောက်ခြင်း

၃) လက်ရှိကုန်ပစ္စည်းကိုပဲ ဈေးကွက်အသစ်မှာထိုးဖောက်ခြင်း

၎) ကုန်ပစ္စည်းအသစ်ကို ဈေးကွက်အသစ်မှာထိုးဖောက်ခြင်း

အရမ်းကောင်းတဲ့ Growth Strategies Concept တွေကို နောက်ပိုင်းမှာခေတ်စားလာတဲ့ Content Marketing နဲ့ ချဉ်းကပ်ကြည့်ဖို့ ကြိုးစားကြည့်ကြရအောင်။ “Content တွေကတော့ လူတွေသိချင်ဖြစ်ချင်နေတဲ့အရာတွေကို ကိုယ့်ပေးချင်တဲ့ Information ကတဆင့် (တိုက်ရိုက်မဟုတ်သောပုံစံဖြင့်) ရရှိစေခြင်း” ဖြစ်ပါတယ်။ Content Marketing က ဆွဲခေါ်သွားတာက Marketer တွေသည် Brand Promoter တွေဆိုတာထက် Storyteller တွေအဖြစ် ရောက်ရှိသွားစေတယ်။ အဲဒီတော့ Content တွေက ကြော်ငြာပုံစံသစ်အသွင်ကိုဆောင်လာပြီး၊ #hashtags တွေက Social Media တွေပေါ်မှာ အရင်တုန်းက Tagline တွေလိုမျိုး လုပ်ဆောင်လာကြတယ်။ (Content Marketing အသေးစိတ်ကို ဒီမှာ Marketing 4.0 ကပြောတဲ့ Content Marketing တွင် ဖတ်ရှုနိုင်ပါတယ်။)

ကဲစလိုက်ကြရအောင် …

၁) လက်ရှိကုန်ပစ္စည်းကိုပဲ လက်ရှိဈေးကွက်မှာထိုးဖောက်ခြင်း

လက်ရှိဈေးကွက်မှာပဲ မိမိရဲ့ လက်ရှိကုန်ပစ္စည်းနဲ့ပဲ Market Share ပိုရအောင်လုပ်မယ်ပေါ့။ (နေ့တိုင်းလုပ်နေကြတဲ့အလုပ်လေ … ဟီးဟီး) ဒီ Option က Market ကြီးတစ်ခုလုံး Growth ဖြစ်နေတဲ့အချိန်ဆို အရမ်းကောင်းတဲ့ Strategy ပဲ။ Intensive Distribution ပုံစံနဲ့ Aggressive Promotion တွဲလုံးနဲ့ပွဲထုတ်တဲ့ အခင်းအကျင်းမျိုးပေါ့။

Content ဘက်ကပြန်ကြည့်ရင် Brand တွေက ဘယ်လို Story မျိုးတွေနဲ့ချဉ်းကပ်ကြည့်မလဲ? ဥပမာ – သွားတိုက်ဆေးဆိုပါတော့ … Frequency ကိုတင်ကြည့်ရအောင်။ “အစာစားပြီးတိုင်းသွားတိုက်ခြင်းဖြင့် သင့်ရဲ့ကျန်းမာရေးစရိတ်ကို လျှော့ချပါ” … ဆိုလိုတာက တစ်နေ့နှစ်ကြိမ်တိုက်နေရာကနေ အစာစားပြီးတိုင်းဆိုတော့ အကြိမ်အရေအတွက်များလာခြင်းကတဆင့် Market ထဲကို ပိုမိုထိုးဖောက်တာပေါ့။ Communication အနေနဲ့ Brand Message နဲ့ရောပြီး Tools တွေ အားလုံးကို Integrate လုပ်တဲ့အခါ … ပေးချင်တဲ့ Value က – သုံးစွဲသူတွေရဲ့ ကျန်းမာရေးစရိတ်ကိုလျှော့ချဖို့ ၊ KOL [Key Opinion Leader] (ဥပမာ – သွားဆရာဝန်မ Cele လေးထားပါတော့) တွေကနေ သွားကျန်းမာရေးနဲ့ ပက်သတ်ပြီး အစာစားပြီးတိုင်းသွားတိုက်ရင် ကျန်းမာရေးကောင်းတယ်ဆိုတဲ့အကြောင်း Viral ဖြစ်အောင်လုပ် ၊ Video Content အနေနဲ့ ကျန်းမာရေးစရိတ်ချွေတာလိုက်လို့ ဘ၀အတွက် ပိုပြီးအရေးပါတဲ့အရာတွေလုပ်သွားနိုင်လို့ မိသားစုတစ်ခုတိုးတက်သွားတဲ့အကြောင်းလေးတွေကို Sharable ဖြစ်အောင်ရိုက်ပြီးတင် ၊ #LoveYourTeeth Campaign တို့ Contest တို့ Engagement ရအောင် Run ၊ Seasonal ဒါမှမဟုတ် Context တစ်ခုခုနဲ့ချိတ်ပြီး လုပ်။ ဒါဆို Story လေးကလှသွားပြီ။ Offline ကနေလည်း ATL Ad တွေ BTL Activities တွေနဲ့ Sales Activations လုပ်ရင် Online to Offline ချိတ်ဆက်ပြီး Market Penetration ပုံစံကို ဖော်ဆောင်လိုက်ပြီပေါ့။

၂) ကုန်ပစ္စည်းအသစ်ကို လက်ရှိဈေးကွက်မှာထိုးဖောက်ခြင်း

ဒါကတော့ လက်ရှိ Market ထဲကိုပဲ New Product launch လုပ်ကြည့်မယ်ပေါ့။ အဲဒီမှာ ၂ ပိုင်းရှိတယ်။ နည်းနည်းလေး ကုန်ပစ္စည်းကို ပြင်ဆင်ပြောင်းလဲလိုက်တာနဲ့ လုံးဝအသစ်ကြီးကို Launch တာမျိုးပေါ့။ လက်ရှိဈေးကွက်ဆိုတော့ မိမိအနေနဲ့ Familiar ဖြစ်ပေမယ့်လည်း Risk ကတော့ရှိနေမှာပါပဲ။ Customer Demand နဲ့လိုက်ပြီး မိမိဘက်က ပြောင်းလဲပြီးကစားတဲ့အခင်းအကျင်း။

Content ဘက်ကပြန်ကြည့်ရင် Brand တွေက ဘယ်လို Story မျိုးတွေနဲ့ချဉ်းကပ်ကြည့်မလဲ? ဥပမာ – သွားတိုက်ဆေးပဲကွာ … (Technical တွေ နားတော့သိပ်မလည်ဘူး ဥပမာလို့ပဲမြင်ပေးပါနော်) “သွားတွေပိုခိုင်မာဖို့  အခြားသွားတိုက်ဆေးတွေထက် အရည်အသွေးမြင့် Fluoride ပါတဲ့ XYZ သွားတိုက်ဆေးအသစ်” … ဆိုလိုတာက ဈေးခြင်းအတူတူဆိုရင်တောင် သွားကိုပိုမိုခိုင်မာစေတဲ့ XYZ Brand ကိုပဲရွေးဆိုတာကတဆင့် Market ထဲကို ပိုမိုထိုးဖောက်တာပေါ့။ Communication အနေနဲ့ Brand Message နဲ့ရောပြီး အားလုံးကို Integrate လုပ်တဲ့အခါ … ပေးချင်တဲ့ Value က – သုံးစွဲသူတွေရဲ့ သွားတွေကိုပိုပြီးခိုင်မာစေချင်လို့ ၊ KOL [Key Opinion Leader] (ဥပမာ – သွားဆရာဝန်မ Cele လေးပဲဆက်သုံးမယ်နော်) တွေကနေ သွားကို ဘယ်လိုတိုက်မှ မှန်ကန်တယ်ဆိုတာကို Viral ဖြစ်အောင်လုပ် ၊ Native Content Ad တွေကို ကျန်းမာရေး Blog တွေ Website တွေမှာတက် ၊ #SmileMore Campaign တို့ Contest တို့ ကို မိသားစု Photo Contest လိုဟာမျိုး Engagement ရအောင် Run ၊ Seasonal ဒါမှမဟုတ် Context တစ်ခုခုနဲ့ချိတ်ပြီး လုပ်။ ဒါဆို Story လေးကထပ် လှသွားပြန်ပြီ။ Offline ကနေလည်း ATL Ad တွေ BTL Activities တွေနဲ့ Product Launch ကိုလုပ်ရင် Online to Offline ချိတ်ဆက်ပြီး Product Development တစ်ခု ပြီးပြီပေါ့။

၃) လက်ရှိကုန်ပစ္စည်းကိုပဲ ဈေးကွက်အသစ်မှာထိုးဖောက်ခြင်း

အဓိကချဲ့ထွင်တဲ့ပုံစံလို့ဆိုလို့ရတယ်။ Market Segment အသစ်ရှာတာမျိုး၊ သုံးဆွဲသူအသစ်ရအောင်လုပ်တာတွေ၊ တခြား Market အသစ်တစ်ခုမှာသွားရောင်းတာမျိုးတွေကို တွေ့ရပါတယ်။ အလွယ်အားဖြင့် Distribution မှာ Channel တစ်ခုထပ်တိုးတာမျိုးလည်း အပါအ၀င်ပေါ့။ ကိုယ်သွားချင်တဲ့ Market ရဲ့ Market Size ကို သိထားဖို့လိုအပ်တယ်။ အရေးကြီးဆုံးကတော့ ကိုယ်သွားချင်တဲ့ Market မှာရှိနေတဲ့ Consumer Behaviour ကိုသိရှိနားလည်ထားဖို့ပါပဲ။ Customer လိုချင်တာနဲ့ မိမိဘက်ကပေးတဲ့ ကုန်ပစ္စည်းကြားမှာ ဘယ်လို Marketing လုပ်မလဲဆိုတာက ဒီ Strategy ရဲ့ အခရာ။

Content ဘက်ကပြန်ကြည့်ရင် Brand တွေက ဘယ်လို Story မျိုးတွေနဲ့ချဉ်းကပ်ကြည့်မလဲ? ဥပမာ – သွားတိုက်ဆေးပါပဲ။ အရင်ရန်ကုန်မှာပဲရှိတာကနေ ရှမ်းပြည်မှာကို Market ချဲ့ထွင်မယ်ဆိုပါတော့။ Communication ပြုလုပ်တဲ့အခါ KOL [Key Opinion Leader] က (ဥပမာ – သွားဆရာဝန်မ Cele လေးထားပါတော့) သွားကျန်းမာရေးအရေးကြီးကြောင်း ရှမ်းပြည်အထိသွားပြီးသရုပ်ပြတဲ့ Video ရိုက်၊ ရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့ ဒါမဟုတ် အဲဒီကလူတွေအကြည့်များတဲ့ Website တွေ Blog တွေမှာ Native Ad တွေလုပ် ၊ Offline Ground Activity ကို Support လုပ်တဲ့ Content တွေကိုတင် (Engagement လိုချင်ရင် ရှမ်းပြည်အလှဆိုပြီး Photo Contest တောင် Run လို့ရသေးတယ်) ၊ Seasonal ဒါမှမဟုတ် Context တစ်ခုခုနဲ့ချိတ်ပြီး လုပ်။ Offline ကနေလည်း ATL Ad တွေ BTL Activities တွေနဲ့ ဈေးကွက်အသစ်ကိုဝင်ရင် Market Development ပုံစံကို ဖော်ဆောင်လိုက်ပြီပေါ့။

၎) ကုန်ပစ္စည်းအသစ်ကို ဈေးကွက်အသစ်မှာထိုးဖောက်ခြင်း

ကိုယ့် Company က ကျဆင်းနေတဲ့ Market ကိုတုံ့ပြန်တာမျိုး ဒါမှမဟုတ် Rish တွေကို Share လုပ်လိုက်တာ၊ Market ထဲမှ မိမိ Company ရဲ့ သြဇာအာဏာကိုကြီးအောင်လုပ်တာ အဲဒါတွေက Diversification လုပ်မယ်ဆိုတဲ့ Option ကို ဖြစ်လာစေတယ်။ Diversification လုပ်တဲ့အခါ အရေးအကြီးဆုံးကတော့ Risk Assessment ပါပဲ။ Related Diversification ကတော့ လက်ရှိကုန်ပစ္စည်း/ဈေးကွက်နဲ့ ဆက်စပ်မှုရှိတာမျိုးကိုပဲလုပ်တာပါ။ Unrelated ကတော့ မိမိရဲ့ Network ထဲကနေကျော်လွန်ပြီး တကယ့်ကို ကြီးကြီးမားမားထိုးဖောက်တာမျိုးပါ။ သွားတိုက်ဆေးဥပမာလေးနဲ့ပဲဆက်သွားလိုက်ရအောင်။ Related ဆိုပါတော့။ ရှင်းပါတယ် သွားပွတ်တံထုတ်မှာပေါ့။

Content ဘက်ကပြန်ကြည့်ရင် Brand တွေက ဘယ်လို Story မျိုးတွေနဲ့ချဉ်းကပ်ကြည့်မလဲ? Communication ပြုလုပ်တဲ့အခါ KOL [Key Opinion Leader] က (ဥပမာ – သွားဆရာဝန်မ Cele လေးထားပါတော့) သွားကျန်းမာရေးမှာ သွားတိုက်ဆေးအပြင် သွားပွတ်တံကပါ အရေးပါကြောင်း Viral ဖြစ်အောင်လုပ် ၊ Creative Visual တွေ GIF တွေနဲ့ Product Paring တွေကိုပြ ၊ Contest တစ်ခုတောင် Run ချင်ရင်ရသေးတယ် … ဥပမာ သွားပွတ်တံအများကြီးနဲ့ ပုံဖော်တဲ့ Challenge လိုဟာမျိုး၊ Offline မှာ Run မယ့် သွားတိုက်ဆေးရောသွားပွတ်တံရောဝယ်ရင် ဈေးလျှော့မယ်ဆိုတာကို Online မှာ ပါးပါးလေးပုတ်၊ Seasonal ဒါမှမဟုတ် Context တစ်ခုခုနဲ့ချိတ်ပြီး လုပ်။ Offline ကနေလည်း ATL Ad တွေ BTL Activities တွေနဲ့ Diversify လုပ်။

အခုလိုချိတ်ဆက်ကြည့်တဲ့နေရာမှာ မှီခိုနေတဲ့အကြောင်းအရာတွေအများကြီးရှိသေးတယ်ဆိုတာလည်း မမေ့ပါနဲ့နော်။ Strategic Option တစ်ခုနဲ့ Content Marketing သာချိတ်ဆက်ခြင်းဖြစ်လို့ Brand Direction တွေ၊ Offline Marketing Activity တွေရဲ့ ပံ့ပိုးမှုတွေကလည်း တကယ့်ကို ထည့်သွင်းစဉ်းစားရမယ့်အချက်တွေပါပဲဆိုတာပြောရင်း နိဂုံးချုပ်ပါရစေနော်။

ကျေးဇူးတင်ပါတယ်။

“Marketing is a race without a finishing line” ~ Philip Kotler

 

 

Marketing 4.0 ကပြောတဲ့ Content Marketing

Standard

Content ဆိုတာ ပုံစံသစ်နဲ့ကြော်ငြာတစ်ခုသာ … Hashtag (#) ဆိုတာ Brand တစ်ခုအတွက် Tagline အသစ်ပါ … (Initiating Conversations with Powerful Storytelling)

ကဲ … ဒီဘက်ခေတ်မှာ Marketer တွေလုပ်စားရတာ မလွယ်ကူတော့တာက ကိုယ့်ကြော်ငြာထဲမှာ ကိုယ်ပြောထားတဲ့ အမှန်တရားပါဆိုတဲ့အရာတွေကိုတောင် ဈေးဝယ်သူတွေက မယုံတော့တဲ့ခေတ်။ ဆိုလိုချင်တာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကလို မြ၀တီကပြတဲ့ တရုတ်သိုင်းကားကြားထဲ TVC 30 စက္ကန့် ကို 10 spots လောက်ရိုက်လိုက်ရင် မနက်ကျရင်ဈေးထဲမှာ ပြေးဝယ်တဲ့ခေတ်မဟုတ်တော့ဘူး။ Internet ကဆင့် သယ်ဆောင်လာတဲ့ ပွင့်လင်းမြင်သာမှုတွေက Content Marketing ကို မွေးဖွားပေးလိုက်တာပါပဲ။ လူတွေ Internet ကနေချိတ်ဆက်လာတာကဆင့် Brand တစ်ခုချင်းစီရဲ့ တကယ့် အမှန်တရားပါဆိုတဲ့ အရာတွေကို သိရစေတယ်။ လူတွေက သူတို့ပစ္စည်းတစ်ခုကိုမ၀ယ်ခင် သူများတွေကို မေးပြီလေ။ ဘာမေးတာလဲဆိုတော့ အမှန်စင်စစ် Brand တစ်ခုအတွက် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရဲ့ ပကတိအမြင်တွေ။ လူတွေက သူများပြောတဲ့ Brand တစ်ခုကို Marketer တွေ ကြော်ငြာထဲမှာပြောနေတာထက် ပိုပြီးယုံလာကြတယ်။

Content Marketing တိုတိုနဲ့လိုရင်းပြောမယ်ဆိုရင် Brand တွေကိုယ်တိုင်ဟာ စာအုပ်တိုက်တွေလိုပဲ။ ဥပမာ Brand တွေကိုယ်တိုင်က မဂ္ဂဇင်းတစ်အုပ်လိုပဲ။ စာဖတ်သူနဲ့  အတွင်းကျကျဆက်စပ်နိုင်မှုရှိဖို့လိုအပ်လာတယ်။ အထဲမှာပါတဲ့ အကြောင်းအရာတွေက Target Audience ကို ဘယ်လောက်ထိ စိတ်ဝင်စားစေမှာလဲ၊ ဘယ်လိုဆက်စပ်မှုရှိတာလဲနဲ့ ဘာတွေအသုံးဝင်စေမှာလဲဆိုတာက သူတို့ဆီကို ကိုယ်ပေးချင်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတုံ့ပြန်မှာလဲဆိုတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံးလည်းကျရော Content Marketing က ဆွဲခေါ်သွားတာက Marketer တွေသည် Brand Promoter တွေဆိုတာထက် Storyteller တွေအဖြစ် ရောက်ရှိသွားစေတယ်။ အဲဒီတော့ Content တွေက ကြော်ငြာပုံစံသစ်အသွင်ကိုဆောင်လာပြီး၊ #hashtags တွေက Social Media တွေပေါ်မှာ အရင်တုန်းက Tagline တွေလိုမျိုး လုပ်ဆောင်လာကြတယ်။

Content Marketing အကြောင်းပြောမယ်ဆိုရင် Social Media အပိုင်းက တကယ့်အရေးအကြီးဆုံးပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် Social Media လောကမှာ Facebook ကြီးက ဘုရင်တစ်ဆူပေါ့။ ဥပမာ – Online Shop တစ်ခုကနေ ကိုယ်ကြိုက်တာလေးတစ်ခုလောက်ဝယ်မယ်ဆိုပါစို့။ ဒီ Product နဲ့ ပတ်သက်တဲ့ Review တွေ၊ Comment မှာ ဘာရေးထားလဲဆိုတဲ့အကြောင်းအရာတွေ၊ Visitor Post တွေ၊ Rating တွေ အကုန်ကြည့်တတ်ကြတယ်လေ။ အဲဒါတင်မကသေးပဲ ပိုသေချာအောင်ဆိုပြီး Status တင်မေးတာတွေလည်း ရှိသေးတယ်။ ဒါတွေဟာဘာကိုပြနေသလဲဆိုတော့ Content Marketing ခေတ်မှာ ကိုယ့် Brand က ဘာကြီးပါ၊ ညာကြီးပါလို့ အော်နေတာ အရေးမဟုတ်ဘူး။ သူများက ကိုယ့် Brand ကို မင်းက ဘာကြီးပါ၊ ညာကြီးပါလို့ ပြောတာကမှ အစစ်။ (ပြောပါတယ် … ဒီဘက်ခေတ် Marketing လုပ်ရတာ မသက်သာပါဘူးလို့)

အရင်တုန်းက လူတွေက တီဗွီ၊ ရေဒီယိုတွေကလာတဲ့ အကြောင်းအရာတွေကို ရွေးချယ်လို့မရပဲ ကြည့်ရနားထောင်ရတယ်။ အခုတော့ Social Media ရေစီးကြောင်းမှာတော့ လူတွေ Content တွေကို Consume လုပ်တဲ့အခါ ကြော်ငြာတွေက နှောက်ယှက်လို့မရတော့ပါဘူး။ ဥပမာ YouTube မှာ သင့်အတွက် အချိန် ၅ စက္ကန့်ပဲ ကြော်ငြာအတွက် အချိန်ပေးပါတယ်။ (SKIP AD ဆိုတာကြီးမနှိပ်ဘူးဆိုရင်ပေါ့) Marketer တွေကသာ အဲဒီ ၅ စက္ကန့်အတွင်း Attention မယူနိုင်ဘူးဆိုရင်တော့ ရေထဲကို ခဲလုံးပစ်ချလိုက်သလိုပါပဲ။ (ပလုံ …)

Content တွေဟာ ကြော်ငြာပုံစံသစ်တွေလို့ဆိုပေမယ့် တကယ့်တော့ ဒီနှစ်ခုက မတူပါဘူး။ ကြော်ငြာဆိုတာက ကိုယ်ပေးချင်တဲ့ Message ကို ဈေးဝယ်သူကို သိစေခြင်းသာဖြစ်ပြီး “Content တွေကတော့ လူတွေသိချင်ဖြစ်ချင်နေတဲ့အရာတွေကို ကိုယ့်ပေးချင်တဲ့ Information ကတဆင့် ရရှိစေခြင်း” ဖြစ်ပါတယ်။ တိုက်ရိုက်ကြီးမဟုတ်ဘူးနော်။ Engage ဖြစ်တဲ့ Content တွေအကုန်လုံးဟာ ဒီ Brand ကကောင်းပါတယ်၊ ၀ယ်ပါ ဆိုတာမျိုးထက် သူ့ရဲ့ Personal Lifestyle နဲ့ မိမိ Brand Equity ကို ချိတ်ဆက်နိုင်ခြင်းသာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

“Marketing is a race without a finishing line” ~ Philip Kotler

Marketing 4.0

Standard

Marketing 4.0 ဆိုပြီး ဂုရုကြီး Phillip Kotler နဲ့ အပေါင်းပါ ၂ ယောက်ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ Title ကတော့ “Marketing 4.0: Moving from Traditional to Digital” လို့ဆိုလာပါတယ်။ ဘိုးတော်ကြီးကတော့ အခုချိန်ထိ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးလို့ဆိုရမှာပဲ။ Trend ထဲမှာအမြဲရှိနေတုန်းပဲဆိုတာ ဒီစာအုပ်ကနေ ချပြလိုက်သလိုပါပဲ။ iBooks Store မှာတော့ 17-Nov-2016 နေ့စွဲနဲ့ USD 12 ပေးမယ်ဆိုရင် သင်လည်း ဒီ eBook ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ Amazon မှာတော့ Hardcover ကို USD 17 လောက်ကျနိုင်ပါတယ်။ (Delivery တွေဘာတွေလည်း ရှိဦးမှာပေါ့နော်)

ဘာတွေများ Marketing 3.0 အပြီးမှာ Update လုပ်ထားလဲ?

စာရေးသူတို့အရင်က လေ့လာခဲ့တဲ့ AIDA Model (Awareness / Interest / Desire / Action) ဆိုတာကြီးကို Marketing သမားတော်တော်များများ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီတစ်ခုမှာတော့ ဆရာကြီးက AIDA ကနေ 5A ဆိုပြီး ဆိုလာပါတယ်။ 5A ဆိုတာကတော့ အရင် Buying Process နဲ့ နည်းနည်းသိပ်မကွာဘူးလို့ ဆိုနိုင်ပါတယ်။ Aware – လိုအပ်ချက်ကို သတိထားမိ၊ သိရှိလာမယ် / Appeal – ဒါကိုဖြေရှင်းဖို့ အပတ်တကုတ်ရှာဖွေမယ် / Ask – လျှောက်ပြီးသူများကိုမေးမယ် / Act – ပြီးတာနဲ့ ၀ယ်မယ် / Advocate – ပြီးရင် ပြန်ပြီး Feedback တွေပေးမယ်ပေါ့။ ZMOT (Zero Moment of Truth) နဲ့ ပြန်ချိတ်လို့လည်းရပါတယ်။ သူများရဲ့ Second Moment (Advocacy) တွေက ကိုယ့်ရဲ့ ZMOT (Appeal + Ask) တွေပေါ့။ ရှင်းပါတယ်။ Marketing သမားတွေရဲ့အလုပ်တွေက အဲဒီ 5A တွေကို တစ်ခုချင်း လိုက်ကလိနေဖို့ပါပဲ။ 5A ကိုဘယ်လိုကလိမလဲဆိုတာကိုလည်း စဉ်းစားဖို့လိုလာပြန်ပါပြီ။

ဘာတွေ ပြင်ဆင်ကြမလဲ?

၁) ဈေးဝယ်သူတွေနဲ့မိမိတို့ကြားမှာရှိတဲ့ Connectivity ဟာ အခုအချိန်မှာဆိုရင် Marketing သမိုင်းကြောင်းတစ်ခုလုံးရဲ့ အရေးအကြီးဆုံး ဖြစ်လာပါတယ်။

၂) ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာများနဲ့အတူ ဈေးဝယ်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုပုံစံတွေဟာ အခုအချိန်မှာ အကောင်းဆုံး Differentiation ပုံစံဖြစ်လာပါလိမ့်မယ်။

၃) Marketer တွေဟာ Brand တွေ အသက်သွင်းတဲ့အချိန်မှာ ချဉ်းကပ်တဲ့ပုံစံက ‘လူ’ တစ်ယောက်လိုပဲ ပြုမူရပါမယ်။

၎) Content တွေဟာ နောက်ဆုံးပေါ်အကောင်းဆုံး Ad တွေဖြစ်လာပါတယ်။ Hastag (#) တွေဟာလည်း Tagline တွေဖြစ်လာပါတယ်။

အဲတော့ ပြောင်းလဲလာတဲ့ ပုံစံသစ် Marketing တွေကိုလေ့လာပါ။ ဈေးဝယ်သူတွေအတွက် အကောင်းဆုံး WOW moment တွေကိုဖန်တီးပေးရင်း Loyalty & Vocal Customer Base ကိုတည်ဆောင်ပါ။ ဘယ်လိုလူတွေက ဈေးဝယ်သူတွေ ရွေးချယ်မှုပုံစံကို ပြောင်းလဲလာစေမလဲဆိုတာကို လေ့လာပါ။

ကျေးဇူးတင်ပါတယ်။

“Marketing is a race without a finishing line” ~ Philip Kotler