မဟာဗျူဟာမြောက်စဉ်းစားတွေးခေါ်နိုင်စွမ်းကို တိုးတက်စေမည့် နည်းလမ်းများ

Standard

တကယ်လို့များ သင့်ကို အထက်လူကြီး ဒါမှမဟုတ် သင့်ရဲ့ Boss က “မင်းဟာ Strategic မဖြစ်ဘူး” “မင်းရဲ့ ဒီကိစ္စရပ်အပေါ်တွေးခေါ်တဲ့ပုံစံဟာ Strategic ဖြစ်တယ်လို့ ငါမထင်ဘူး” လို့ ပြောလာတဲ့အခါမျိုးတွေ ကြုံဖူးကြမှာပေါ့။ စာရေးသူကိုယ်တိုင်လည်း ကြုံခဲ့ဖူးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လောက်တောင် စိတ်ထဲ မချိတင်ကဲဖြစ်မလဲဆိုတာ ကိုယ်ချင်းစာမိပါရဲ့။ ကိုယ့်ကိုကိုယ် “ငါက Strategic ဖြစ်တယ်” လို့ ဘယ်လိုပြောရမှန်းလည်း မသိသလို၊ သူများက “Strategic မဖြစ်ဘူး” လို့ပြောရင်လည်း စိတ်ထဲမှာ အောင့်သက်သက်နဲ့ ခံစားရမှာ မလွဲမသွေပါပဲ။ Strategic Thinking ဆိုတဲ့ မဟာဗျူဟာမြောက်စဉ်းစားတွေးခေါ်ခြင်းဆိုတာ ဒီလိုမျိုး ပြောင်းလဲမှုတွေမြန်ဆန်လွန်းတဲ့ခေတ်ကြီးမှာ စီးပွားရေးလုပ်ငန်းတိုင်းမှာရှိတဲ့ လူတွေအကုန်လုံးအတွက် အရမ်းကို အရေးကြီးပါတယ်။

သေချာစဉ်းစားဖို့လိုအပ်တာက Strategic Thinking ဆိုတာ Senior Executive တွေ Managerial Positions ကလူတွေပဲ ရှိရမယ့် အရာမျိုးမဟုတ်ဘူးဆိုတာကိုပါပဲ။ JD (Job Descriptions) မှာ မပါသော်ငြားလည်း အဖွဲ့အစည်းတွင်းမှာရှိတဲ့ လူတိုင်းမှာ သူ့ Level အလိုက် တွေးခေါ်နိုင်တဲ့ မဟာဗျူဟာမြောက်တဲ့စဉ်းစားတွေ ရှိနေရမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ ရာထူးအဆင့်ဆင့်တွေ ရလာတိုးလာကြတဲ့အခါ မိမိ Department အနေနဲ့ အဖွဲ့အစည်းအပေါ် မဟာဗျူဟာမြောက်စီမံကိန်းတွေနဲ့ပတ်သက်ပြီး လိုက်လံအားဖြည့်ပေးနိုင်မှု နည်းလာမှာဖြစ်ပါတယ်။

ဟုတ်ပြီ… ဒီလိုဆို ပြန်မေးဖို့လိုလာတာက ဘယ်လို Step တွေကိုလုပ်ရင် လက်ရှိကိုယ်အလုပ်လုပ်နေတဲ့နေရာမှာ Strategic ဖြစ်ဖြစ် အလုပ်တွေလုပ်ကိုင်နိုင်မလဲဆိုတာပါ။ အချက် ၄ ချက်အတိုင်း လိုက်လုပ်နေဖို့ပါပဲ။

သိ – အမြဲတမ်းလေ့လာနေပြီး Trend တွေကို သိနေပါစေ

Strategic ဖြစ်ဖို့ဆိုရင် လက်ရှိဖြစ်နေတဲ့ ပြင်ပပြောင်းလဲမှု (Trend) တွေကို သိနေရမှာဖြစ်ပါတယ်။ မိမိလုပ်ကိုင်နေတဲ့ Industry နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုတွေကစပြီး ဘယ်အရာတွေက မိမိ Company ရဲ့ အဓိက မောင်းနှင်အားတွေနဲ့ ချိတ်ဆက်နေလဲဆိုတာကိုလည်း အမြဲသိရှိနားလည်နေရပါမယ်။ ဒီလိုပြင်ပ Trend တွေအပြင် Internal Trend တွေကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ Internal Trend ဆိုတာကတော့ Company တွင်းက ဘယ်လိုအကြောင်းအရာတွေက Management အဖွဲ့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတာလဲ၊ ဘယ်လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အခက်တွေ့နေရလဲ၊ ဘယ်အရာတွေက Corporate Level ဗျူဟာတွေကို ဆက်နွယ်နေတဲ့ သတင်းအချက်အလက်တွေလဲ စတဲ့အရာမျိုးတွေကို ဆိုလိုတာဖြစ်ပါတယ်။

တွေး – ခက်ခဲမယ်ထင်တဲ့ မေးခွန်းမျိုးတွေ တွေးတောပြီး ကိုယ့်ကိုကိုယ် ပြန်မေးနေပါ

Trend တွေနဲ့ယဉ်ပါးနေပြီဆိုတာနဲ့ Strategic Thinking အလေ့အကျင့်ကို စတင်လို့ရပါပြီ။ ဒါပေမယ့် ဆက်လုပ်ရမှာက ကိုယ်တွေးထင်ထားတဲ့အရာတွေဟာ Overview ကိုမြင်နိုင်သော Big Picture ပုံစံမျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာပါ။ ရှင်းပါတယ် … အဓိကကတော့ သူများတွေရဲ့ အတွေးအမြင်တွေအားလုံးကို လက်ခံနိုင်ဖို့ပါ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတွေးအမြင်တွေကို လိုက်ပြီး ခံစားတတ်ဖို့လိုပါတယ်။ မိမိရဲ့ သိချင်စိတ်ပြင်းပြမှုကတဆင့်  ဖြစ်နိုင်ချေအမျိုးမျိုး၊ ချဉ်းကပ်ပုံအမျိုးမျိုးနဲ့ ဖြစ်နိုင်မယ့် ရလာဒ်တွေကိုပါ ကြိုတင် မြင်လာစေပါလိမ့်မယ်။ နောက်ပြီး အမြဲတမ်းကိုယ့်ကိုကိုယ် ခက်ခဲစေမယ့် မေးခွန်းမျိုးတွေ ရှာဖွေမေးမြန်းနေရင်းနဲ့ အသားကျရှင်သန်တတ်အောင် ကြိုးစားရပါမယ်။ အဲဒီကနေတဆင့် မိမိရဲ့ Boss ဒါမှမဟုတ် အထက်လူကြီးက မေးလာမယ့် မေးခွန်းတိုင်းဟာ မိမိရဲ့ အလေ့အကျင့်နဲ့ လေ့လာမှုတွေကြောင့် အဖြေတွေတိုင်းအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

ပြော – ပြောတာဆိုတာတွေ မဟာဗျူဟာမြောက်ခြင်းကို ဦးတည်ပါစေ

လုပ်သမျှ ချမပြတတ်ရင် သွားပြီလေ။ အမြဲတမ်း ခေါင်းထဲမှာ ဘာပြီး ဘာပြောမယ်၊ ဘာပြီး ဘာလုပ်မယ်ဆိုတာတွေ တန်းစီထားသင့်ပါတယ်။ ပြောသမျှအားလုံးထဲကနေ မိမိပေးချင်တဲ့ အဓိကအရေးကြီးဆုံး Message ကို နားထောင်နေတဲ့သူအားလုံးရသွားအောင် ချပြနိုင်အောင် ပြင်ဆင်ရပါမယ်။ အဲတော့ ရေးတာပဲဖြစ်ဖြစ် ပြောတာပဲဖြစ်ဖြစ် အရာတိုင်းကို သေချာပြင်ဆင်ထားရပါမယ်။ အဓိကအချက်အလက်တွေကို Logic ပေါ်အခြေံခံပြီး ကြိုတင်ပြင်ဆင်ထားရှိရပါမယ်။ တင်ပြတဲ့နေရာမှာ အဓိကအချက်တွေကို ဇွတ်ပြောနေတာထက် ပြဿနာတွေရဲ့ အဖြေဖြစ်ကြောင်းကို အရင်ဆုံးပြောသင့်ပါတယ်။ ဆိုလိုချင်တာက မျက်နှာချင်းဆိုင် မိမိ Boss ဒါမှမဟုတ် အထက်လူကြီးနဲ့ ဆွေးနွေးတဲ့အခါ အမြင့်ပိုင်းမဟာဗျူဟာတွေသာဖြစ်သင့်ပြီး အခြားနည်းဗျူဟာ (Tactics) တွေကတော့ email ပို့ရုံဆို အဆင်ပြေပါပြီ။

ပြု – စဉ်းစားတွေးခေါ်ဖို့အချိန်ရှိအောင်နဲ့ သဘောထားကွဲလွဲမှုတွေပေါ် ပြုမူနေထိုင်တတ်ပါစေ

Meeting တွေအရမ်းများပါတယ်။ Meeting တွေများခြင်းက မဟာဗျူဟာတွေတွေးခေါ်ဖို့ အချိန်တွေကို ဖဲ့ယူပါတယ်။ Management အဖွဲ့နဲ့ဆွေးနွေးတဲ့အခါ မိမိရဲ့ မဟာဗျူဟာတွေအပေါ် ဆွေးနွေးနိုင်မှုတွေ နည်းသည်ထက်နည်းလာပါတယ်။ အဲလိုဆိုရင်တော့ ဟောင်းနေပေမယ့် ကောင်းနေသေးတဲ့ Stephen Covey ရဲ့ “Importance / Urgent Matrix” လေးကို သုံးသင့်ပါတယ်။ (Link http://www.businessinsider.com/how-to-use-stephen-coveys-time-management-matrix-2015-12 – မသိသေးတဲ့သူများအတွက်ပါ။) “အရေးကြီး”တာနဲ့ “အလျင်လို”တာကို သိခြင်းကတဆင့် မလိုအပ်တဲ့ Meeting တွေကို မတက်တော့ပဲ မိမိရဲ့ အလုပ်စားပွဲပေါ်မှာ အာရုံကောင်းကောင်းစိုက်နိုင်လာပြီး မဟာဗျူဟာတွေအတွက် အချိန်တွေပိုရှိလာစေပါလိမ့်မယ်။ ဒါ့အပြင် အလုပ်တွေလုပ်နေရင်းနဲ့ပဲ ခက်ခဲတဲ့မေးခွန်းတွေ မိမိကိုယ်ကိုကိုယ်မေးနေရင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ တခါတရံ သဘောထားကွဲလွဲမှုတွေကိုလည်း နေသားတကျ တည်ငြိမ်စွနဲ့ ဖြေရှင်းနိုင်လာပါလိမ့်မယ်။ လူတွေပေါ်မှာ အခြေမခံတော့ဘဲ ဖြစ်စဉ်တွေ ပြဿနာတွေပေါ်မှာ အခြေခံတဲ့ ဆုံးဖြတ်ချက်တွေကနေ အဖြေတွေကို ရှာတတ်လာပါလိမ့်မယ်။

ဖတ်လိုက်ရင်ခဏလေးနဲ့ မြင်လွယ်ပေမယ့် တကယ်တမ်း လုပ်ကြည့်မယ်ဆို ခက်ခဲနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်နေရင်းကနေပြီး မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ မြင့်တက်လာပါလိမ့်မယ်။

(စာရေးသူ အလုပ်လုပ်တဲ့ Company ရဲ့ ကောင်းမှုကြောင့် Harvard Business School က Trainer တစ်ယောက်နဲ့ ဒီကိစ္စရပ်အပေါ် ဆွေးနွေးခွင့်ရခဲ့ပြီး၊ ဆွေးနွေးချက်တွေကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s