Digital ခေတ် ဈေးဝယ်ခြင်းအတွေ့အကြုံကောင်းဆိုတာ

Standard

လက်လီရောင်းချနေသူ Retailer တွေအနေနဲ့ Shopping Experience ပိုင်းနဲ့ပတ်သက်လို့ အကောင်းဆုံးပေးစွမ်းဖို့ဆို ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အညီ ဈေးဝယ်သူတွေအဆင်ပြေသည်ထက်ပြေအောင် အသုံးချလုပ်ဆောင်ရမယ်ဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုပြီးသိလာတယ်။ ဆိုလိုချင်တာက Technology (နည်းပညာ) တွေတိုးတက်လာတယ်ဆိုတာ Digital Communication တွေ eCommerce တွေ ဖွံ့ဖြိုးလာရုံသက်သက်မဟုတ်ပဲ Offline မှာရှိတဲ့ In-store Experience (ဈေးဝယ်ခြင်းအတွေ့အကြုံ) ကောင်းတွေပေးစွမ်းဖို့အတွက်ဆိုလည်း ဒီနည်းပညာတွေရဲ့ အကူအညီနဲ့အတူ လုပ်ဆောင်နေလို့ရပါတယ်။ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ eCommerce ဆရာကြီးတွေကို အံတုပြိုင်ဆိုင်နိုင်ဖို့ အကောင်းဆုံးဈေးဝယ်ခြင်းအတွေ့အကြုံကို နည်းပညာအကူအညီတစ်ခုတည်းနဲ့သာ ယှဉ်နိုင်မှာဖြစ်ပါတယ်။ Brand နဲ့ပတ်သက်လို့ Communicate လုပ်မယ်ဆိုရင်လည်း Online Touch-points တွေ၊ Mobile တွေနဲ့ In-store Communication တွေ စုစုစည်းစည်းနဲ့ Integrate ဖြစ်မှသာ ဘယ်သူနဲ့မှမတူအောင်ကောင်းမွန်တဲ့ Shopping Experience ကို ဈေးဝယ်သူက ရရှိစေမှာဖြစ်ပါတယ်။

ဆိုင်ထဲမှာ In-store Tech တွေနဲ့ ဖမ်းစားနိုင်ပါစေ။

ဥပမာတွေနဲ့ပြောရရင် Cashierless Checkout (ငွေရှင်းကောင်တာမရှိပဲ ငွေပေးချေဝယ်ယူနိုင်) လုပ်သွားတဲ့ Amazon Go တို့ Walmart’s Scan & Go တို့လိုမျိုးပေါ့။ ဒါတွေဟာ ဆိုင်တွင်းမှာ နည်းပညာနဲ့ ဈေးဝယ်သူတွေကို အချိန်မကုန်အောင်၊ တန်းမဆီရတော့အောင် Value Add လုပ်နေတဲ့ သဘောပါပဲ။ (Link: Amazon Go https://youtu.be/NrmMk1Myrxc)

နောက် ဥပမာတစ်ခုအနေနဲ့ပြောရရင် Digital Mirror ကို အ၀တ်လဲခန်းထဲမှာ တပ်ဆင်ထားပြီး ဈေးဝယ်သူက စမ်းသပ်ဝတ်ဆင်ဖို့ ယူလာတဲ့အ၀တ်ဟာ သူနဲ့လိုက်ဖက်လား၊ Checkout လုပ်တဲ့ Function၊ အခြားရွေးစရာအရောင်နဲ့ Size တွေကို ထပ်ပြီး Request လုပ်လို့ရတာမျိုးတွေအပြင် Upsell လုပ်နိုင်တဲ့အထိ AI တွေက သိပ်ကို ကောင်းမွန်နေပါပြီ။ (Link: https://vimeo.com/148492418)

 

မြန်မာပြည်မှာ ဖြစ်နိုင်လို့လား?

ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာကိုယူ(၀ယ်)သုံးဖို့ထက် အဲ့အပေါ်မှာ Invest လုပ်မှာလား မလုပ်ဘူးလားဆိုတာကနေ စရမှာပါ။ ကုန်ကျစရိတ်ပိုသက်သာပြီး ပိုကောင်းတဲ့ Idea အသစ်အဆန်းတွေကို နည်းပညာအကူအညီနဲ့ ချဉ်းကပ်နိုင်အောင် လုပ်ဆောင်ရမှာပါ။

ဒီကနေ ပေးချင်တဲ့ Message ကလည်း အဲ့လိုတွေယူသုံးဖို့ဆိုတာထက် In-store Experience ကောင်းအောင် ဈေးဝယ်သူတွေအတွက် ဘယ်လိုလုပ်ကြရင်ကောင်းမလဲလို့စဉ်းစားတိုင်း နည်းပညာရဲ့ အကူအညီကိုပါ Solution ထဲက တစ်ခုအနေနဲ့ ထည့်သွင်းထားဖို့ပါပဲ။

ကျေးဇူးတင်ပါတယ်။

#RetailScoop #POSM #ShoppingExperience #RetailIsDetail

 

Advertisements

Retail Marketing ဘာလဲ … ဘယ်လဲ?

Standard

Retail Marketing ဆိုတာ ရောင်းအားကောင်းစေရန်အလို့ငှာ မိမိဆိုင် (အရောင်းနေရာ) ကိုသိအောင်လုပ်ခြင်း၊ မိမိဆိုင်မှာပဲ ဈေးဝယ်သူမှ အမြဲတမ်းဝယ်ဖြစ်စေရန်ကြိုးစားခြင်း၊ မိမိဆိုင်ရှိကုန်ပစ္စည်းများကို အရောင်းမြှင့်တင်ခြင်းကို ဆိုလိုပါတယ်။ Retail Marketing အခြေခံသဘောတရားတွေကိုတော့ First Comment မှာ Link ပြန် Share ပေးထားပါတယ်။ ဒီအခြေခံကိုနားလည်တာအပြင် Trend တွေကို သိလာဖို့လိုလာပါတယ်။ Trend တွေက ဘယ်ကို ဦးတည်နေသလဲပေါ့။

Trend ဘက်ကိုကြည့်လိုက်ရင် တော်တော်လေး မြန်မြန်ဆန်ဆန်နဲ့ကို ပြောင်းလဲနေတာကို အားလုံးပဲ သတိထားမိမယ်ထင်ပါတယ်။ သိပ်အများကြီးလိုက်မပြောဘူးဆိုရင် အဓိကအားဖြင့် (၃) ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။
၁) Physical Store တွေ ပြန်ခေတ်စားလာမယ် …

အားလုံးတွေ့မြင်နေရတဲ့အတိုင်း Online Shopping Site တွေ Facebook Online Shop တွေ တော်တော်လေး ခေတ်စားခဲ့ပြီးဖြစ်ပါတယ်။ Online Shopping Trend တော်တော်လေး တွင်ကျယ်လာခြင်းနဲ့အတူ အခုဆိုရင် Online Shop တွေ Offline မှာလည်း ဆိုင်ခွဲတွေဖွင့်လှစ်ပြီး In-store Experience ကောင်းတွေ မိမိတို့ ဈေးဝယ်သူတွေကို ပေးဖို့ ကြိုးစားလာကြပါတယ်။ Online to Offline သာမက Offline to Online ဆိုသလို Retail Sector ရဲ့ အပြောင်းအလဲတစ်ခုကို မြင်ရတာပါ။ လက်ရှိအချိန်မှာပဲ Offline က Supermarket ကြီးတွေလည်း Online မှာ ရောင်းချလာဖို့ အလားအလာတွေလည်း မျှော်လင့်လို့ရပါတယ်။

Marketer တွေကတော့ ထုံးစံအတိုင်းပေါ့ … O2O တို့ Integrated Marketing Communication တို့ နေ့တိုင်း စဉ်းစားရပါတော့မယ်။ Online ကလုပ်ချင်တာလုပ် Offline က သွားချင်တာသွားဆိုတာတွေ နားလိုက်ပါတော့။ တစ်သားတည်းကျပြီး မဟာဗျူဟာမြောက်တဲ့ Communication Strategy (360’ ဆိုလား 😀) တွေနဲ့ ဈေးကွက်ကို ခင်းကျင်းကြပါတော့မယ်။ ဈေးဝယ်သူတွေအတွက် ရွေးချယ်စရာပိုများလာတော့မယ့် အခြေအနေမှာ ကိုယ့်ကုန်အမှတ်တံဆိပ်ကိုပဲ သစ္စာရှိရှိလက်တွဲသွားဖို့ နည်းမျိုးစုံနဲ့ကြိုးပမ်းလာကြတော့မှာပါ။ In-store Shopping Experience ကောင်းဖို့လည်း လုံးဝ မေ့လို့မရပါဘူး။

နောက်တစ်ခုကတော့ Supply Chain Delivery ကောင်းကောင်းလုပ်နိုင်တဲ့ (Logistics ကောင်းကောင်းနိုင်နင်းတဲ့) Company တွေ ဈေးကွက်ကို ဦးဆောင်ပါလိမ့်မယ်။ Free Shipping တွေကိုဦးတည်တဲ့ Promotion Activity တွေ ခေတ်စားလာမယ်လို့ ထင်ရပါတယ်။
၂) App ဆိုမှ App ပဲ …

Tech Company တွေ များပြားလာခြင်းနဲ့အတူ Mobile Shopping App တွေ ပိုမို များပြားလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Banking Sector တိုးတက်လာခြင်းကြောင့် Payment ပိုင်းမှာ ပိုမိုတွင်ကျယ်လာခြင်းကနေ ၀ယ်ယူမှုပုံစံတွေ ပြောင်းလဲလာနိုင်ပါတယ်။ အခုတော့ Cash on Delivery (ပစ္စည်းလာပို့မှ ပိုက်ဆံရှင်း) က ခေတ်အစားဆုံးပေါ့။

Marketer တွေကတော့ UX (User Experience) တို့ UI (User Interface) တို့ စတဲ့ အခြေခံလေးတွေကို မမေ့လျော့နေဖို့လိုအပ်ပါတယ်။ ဈေးဝယ်သူအတွက် သူတို့ရဲ့ Buying Journey ကို အကောင်းဆုံး အထောက်အကူဖြစ်စေမယ့် Shopping App လေးတွေကတဆင့် ရိုးရှင်းလွယ်ကူပြီး သုံရလွယ်ကူတဲ့ App ပုံစံကို ဖန်တီးရင်း ဈေးဝယ်သူတွေနဲ့ အကောင်းဆုံး နီးစပ်အောင် ကြိုးစားရပါမယ်။ ယခင်လုပ်နေကြ Offline မှာသုံးနေတဲ့ ATL Ad (Above The Line Advertising) တွေ၊ တချို့ BTL Ad (Below The Line Advertising) တွေ၊ email Marketing တွေထက် (တို့ဆီမှာ လူတွေက email မှ မဖတ်ကြတာနော် 😀) In-app Promotion Activity တွေကနေ ဈေးဝယ်သူတွေနဲ့ Engage လုပ်လာကြမှာ ဖြစ်ပါတယ်။ Customer Service အတွက် AI (Artificial Intelligence) တွေကတဆင့် ကြိုးပမ်းတာတွေ ပိုမိုမြင်တွေ့ရဖို့ရှိပါတယ်။
၃) Data! Data! Insight! Insight! ဆိုတဲ့ စကားလုံးတွေ တွင်တွင်ကျယ်ကျယ်ကြားရမယ် …

တိုးတက်လာတဲ့ နည်းပညာတွေကတဆင့် ဈေးဝယ်သူတွေရဲ့ Data တွေ ပိုမိုသိရှိလာကြပါလိမ့်မယ်။ ဘယ်သူတွေဝယ်နေတာလဲ? ဘယ်သူတွေက မ၀ယ်တော့တာလဲ? ဘာဝယ်တာလဲ? ဘယ်အချိန်ဝယ်တာလဲ? ဘယ်လိုဝယ်တာလဲ? စတဲ့ Data မျိုးတွေကို နည်းပညာအကူအညီနဲ့ လွယ်ကူစွာသိရှိလာကြပါလိမ့်မယ်။

Marketer တွေကတော့ ဈေးဝယ်သူတွေနဲ့ တကယ့်ကို နီးနီးစပ်စပ်တစ်သားတည်းကျစေမယ့် Campaign တွေ Product Offer တွေနဲ့ ပွဲထွက်လာကြတော့မှာပါ။ Data ကို ကောင်းကောင်းကစားနိုင်တဲ့ Marketer တွေပဲ ဈေးကွက်ထဲမှာ ပန်းပန်ကြမှာပါ။ Management ဘက်က Data မရှိပဲ ဘာမှလာမပြောနဲ့ဆိုတာတွေလည်း မြင်ရကြားရဦးမှာပါ။ အဲတော့ Data ရရှိနိုင်ဖို့ Data ကို ကောင်းကောင်း သိရှိနားလည်ဖို့တွေအပြင် အသုံးချဖို့အထိ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
Trend တွေကတော့ ပြောင်းနေဦးမှာပါ။ ဒါကတော့ စာရေးသူရဲ့ အမြင်သက်သက်ဆိုတော့ သုံးသပ်ထားမိတာလေးတွေရှိရင်လည်း Comment Box မှာ Share လုပ်သွားပါဦး။ အမြင်ချင်း ဖလှယ်ကြတာပေါ့ …

ကျေးဇူးတင်ပါတယ်။
“Marketing is a race without a finishing line” ~ Philip Kotler

မဟာဗျူဟာမြောက်စဉ်းစားတွေးခေါ်နိုင်စွမ်းကို တိုးတက်စေမည့် နည်းလမ်းများ

Standard

တကယ်လို့များ သင့်ကို အထက်လူကြီး ဒါမှမဟုတ် သင့်ရဲ့ Boss က “မင်းဟာ Strategic မဖြစ်ဘူး” “မင်းရဲ့ ဒီကိစ္စရပ်အပေါ်တွေးခေါ်တဲ့ပုံစံဟာ Strategic ဖြစ်တယ်လို့ ငါမထင်ဘူး” လို့ ပြောလာတဲ့အခါမျိုးတွေ ကြုံဖူးကြမှာပေါ့။ စာရေးသူကိုယ်တိုင်လည်း ကြုံခဲ့ဖူးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လောက်တောင် စိတ်ထဲ မချိတင်ကဲဖြစ်မလဲဆိုတာ ကိုယ်ချင်းစာမိပါရဲ့။ ကိုယ့်ကိုကိုယ် “ငါက Strategic ဖြစ်တယ်” လို့ ဘယ်လိုပြောရမှန်းလည်း မသိသလို၊ သူများက “Strategic မဖြစ်ဘူး” လို့ပြောရင်လည်း စိတ်ထဲမှာ အောင့်သက်သက်နဲ့ ခံစားရမှာ မလွဲမသွေပါပဲ။ Strategic Thinking ဆိုတဲ့ မဟာဗျူဟာမြောက်စဉ်းစားတွေးခေါ်ခြင်းဆိုတာ ဒီလိုမျိုး ပြောင်းလဲမှုတွေမြန်ဆန်လွန်းတဲ့ခေတ်ကြီးမှာ စီးပွားရေးလုပ်ငန်းတိုင်းမှာရှိတဲ့ လူတွေအကုန်လုံးအတွက် အရမ်းကို အရေးကြီးပါတယ်။

သေချာစဉ်းစားဖို့လိုအပ်တာက Strategic Thinking ဆိုတာ Senior Executive တွေ Managerial Positions ကလူတွေပဲ ရှိရမယ့် အရာမျိုးမဟုတ်ဘူးဆိုတာကိုပါပဲ။ JD (Job Descriptions) မှာ မပါသော်ငြားလည်း အဖွဲ့အစည်းတွင်းမှာရှိတဲ့ လူတိုင်းမှာ သူ့ Level အလိုက် တွေးခေါ်နိုင်တဲ့ မဟာဗျူဟာမြောက်တဲ့စဉ်းစားတွေ ရှိနေရမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ ရာထူးအဆင့်ဆင့်တွေ ရလာတိုးလာကြတဲ့အခါ မိမိ Department အနေနဲ့ အဖွဲ့အစည်းအပေါ် မဟာဗျူဟာမြောက်စီမံကိန်းတွေနဲ့ပတ်သက်ပြီး လိုက်လံအားဖြည့်ပေးနိုင်မှု နည်းလာမှာဖြစ်ပါတယ်။

ဟုတ်ပြီ… ဒီလိုဆို ပြန်မေးဖို့လိုလာတာက ဘယ်လို Step တွေကိုလုပ်ရင် လက်ရှိကိုယ်အလုပ်လုပ်နေတဲ့နေရာမှာ Strategic ဖြစ်ဖြစ် အလုပ်တွေလုပ်ကိုင်နိုင်မလဲဆိုတာပါ။ အချက် ၄ ချက်အတိုင်း လိုက်လုပ်နေဖို့ပါပဲ။

သိ – အမြဲတမ်းလေ့လာနေပြီး Trend တွေကို သိနေပါစေ

Strategic ဖြစ်ဖို့ဆိုရင် လက်ရှိဖြစ်နေတဲ့ ပြင်ပပြောင်းလဲမှု (Trend) တွေကို သိနေရမှာဖြစ်ပါတယ်။ မိမိလုပ်ကိုင်နေတဲ့ Industry နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုတွေကစပြီး ဘယ်အရာတွေက မိမိ Company ရဲ့ အဓိက မောင်းနှင်အားတွေနဲ့ ချိတ်ဆက်နေလဲဆိုတာကိုလည်း အမြဲသိရှိနားလည်နေရပါမယ်။ ဒီလိုပြင်ပ Trend တွေအပြင် Internal Trend တွေကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ Internal Trend ဆိုတာကတော့ Company တွင်းက ဘယ်လိုအကြောင်းအရာတွေက Management အဖွဲ့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတာလဲ၊ ဘယ်လိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အခက်တွေ့နေရလဲ၊ ဘယ်အရာတွေက Corporate Level ဗျူဟာတွေကို ဆက်နွယ်နေတဲ့ သတင်းအချက်အလက်တွေလဲ စတဲ့အရာမျိုးတွေကို ဆိုလိုတာဖြစ်ပါတယ်။

တွေး – ခက်ခဲမယ်ထင်တဲ့ မေးခွန်းမျိုးတွေ တွေးတောပြီး ကိုယ့်ကိုကိုယ် ပြန်မေးနေပါ

Trend တွေနဲ့ယဉ်ပါးနေပြီဆိုတာနဲ့ Strategic Thinking အလေ့အကျင့်ကို စတင်လို့ရပါပြီ။ ဒါပေမယ့် ဆက်လုပ်ရမှာက ကိုယ်တွေးထင်ထားတဲ့အရာတွေဟာ Overview ကိုမြင်နိုင်သော Big Picture ပုံစံမျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာပါ။ ရှင်းပါတယ် … အဓိကကတော့ သူများတွေရဲ့ အတွေးအမြင်တွေအားလုံးကို လက်ခံနိုင်ဖို့ပါ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတွေးအမြင်တွေကို လိုက်ပြီး ခံစားတတ်ဖို့လိုပါတယ်။ မိမိရဲ့ သိချင်စိတ်ပြင်းပြမှုကတဆင့်  ဖြစ်နိုင်ချေအမျိုးမျိုး၊ ချဉ်းကပ်ပုံအမျိုးမျိုးနဲ့ ဖြစ်နိုင်မယ့် ရလာဒ်တွေကိုပါ ကြိုတင် မြင်လာစေပါလိမ့်မယ်။ နောက်ပြီး အမြဲတမ်းကိုယ့်ကိုကိုယ် ခက်ခဲစေမယ့် မေးခွန်းမျိုးတွေ ရှာဖွေမေးမြန်းနေရင်းနဲ့ အသားကျရှင်သန်တတ်အောင် ကြိုးစားရပါမယ်။ အဲဒီကနေတဆင့် မိမိရဲ့ Boss ဒါမှမဟုတ် အထက်လူကြီးက မေးလာမယ့် မေးခွန်းတိုင်းဟာ မိမိရဲ့ အလေ့အကျင့်နဲ့ လေ့လာမှုတွေကြောင့် အဖြေတွေတိုင်းအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

ပြော – ပြောတာဆိုတာတွေ မဟာဗျူဟာမြောက်ခြင်းကို ဦးတည်ပါစေ

လုပ်သမျှ ချမပြတတ်ရင် သွားပြီလေ။ အမြဲတမ်း ခေါင်းထဲမှာ ဘာပြီး ဘာပြောမယ်၊ ဘာပြီး ဘာလုပ်မယ်ဆိုတာတွေ တန်းစီထားသင့်ပါတယ်။ ပြောသမျှအားလုံးထဲကနေ မိမိပေးချင်တဲ့ အဓိကအရေးကြီးဆုံး Message ကို နားထောင်နေတဲ့သူအားလုံးရသွားအောင် ချပြနိုင်အောင် ပြင်ဆင်ရပါမယ်။ အဲတော့ ရေးတာပဲဖြစ်ဖြစ် ပြောတာပဲဖြစ်ဖြစ် အရာတိုင်းကို သေချာပြင်ဆင်ထားရပါမယ်။ အဓိကအချက်အလက်တွေကို Logic ပေါ်အခြေံခံပြီး ကြိုတင်ပြင်ဆင်ထားရှိရပါမယ်။ တင်ပြတဲ့နေရာမှာ အဓိကအချက်တွေကို ဇွတ်ပြောနေတာထက် ပြဿနာတွေရဲ့ အဖြေဖြစ်ကြောင်းကို အရင်ဆုံးပြောသင့်ပါတယ်။ ဆိုလိုချင်တာက မျက်နှာချင်းဆိုင် မိမိ Boss ဒါမှမဟုတ် အထက်လူကြီးနဲ့ ဆွေးနွေးတဲ့အခါ အမြင့်ပိုင်းမဟာဗျူဟာတွေသာဖြစ်သင့်ပြီး အခြားနည်းဗျူဟာ (Tactics) တွေကတော့ email ပို့ရုံဆို အဆင်ပြေပါပြီ။

ပြု – စဉ်းစားတွေးခေါ်ဖို့အချိန်ရှိအောင်နဲ့ သဘောထားကွဲလွဲမှုတွေပေါ် ပြုမူနေထိုင်တတ်ပါစေ

Meeting တွေအရမ်းများပါတယ်။ Meeting တွေများခြင်းက မဟာဗျူဟာတွေတွေးခေါ်ဖို့ အချိန်တွေကို ဖဲ့ယူပါတယ်။ Management အဖွဲ့နဲ့ဆွေးနွေးတဲ့အခါ မိမိရဲ့ မဟာဗျူဟာတွေအပေါ် ဆွေးနွေးနိုင်မှုတွေ နည်းသည်ထက်နည်းလာပါတယ်။ အဲလိုဆိုရင်တော့ ဟောင်းနေပေမယ့် ကောင်းနေသေးတဲ့ Stephen Covey ရဲ့ “Importance / Urgent Matrix” လေးကို သုံးသင့်ပါတယ်။ (Link http://www.businessinsider.com/how-to-use-stephen-coveys-time-management-matrix-2015-12 – မသိသေးတဲ့သူများအတွက်ပါ။) “အရေးကြီး”တာနဲ့ “အလျင်လို”တာကို သိခြင်းကတဆင့် မလိုအပ်တဲ့ Meeting တွေကို မတက်တော့ပဲ မိမိရဲ့ အလုပ်စားပွဲပေါ်မှာ အာရုံကောင်းကောင်းစိုက်နိုင်လာပြီး မဟာဗျူဟာတွေအတွက် အချိန်တွေပိုရှိလာစေပါလိမ့်မယ်။ ဒါ့အပြင် အလုပ်တွေလုပ်နေရင်းနဲ့ပဲ ခက်ခဲတဲ့မေးခွန်းတွေ မိမိကိုယ်ကိုကိုယ်မေးနေရင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ တခါတရံ သဘောထားကွဲလွဲမှုတွေကိုလည်း နေသားတကျ တည်ငြိမ်စွနဲ့ ဖြေရှင်းနိုင်လာပါလိမ့်မယ်။ လူတွေပေါ်မှာ အခြေမခံတော့ဘဲ ဖြစ်စဉ်တွေ ပြဿနာတွေပေါ်မှာ အခြေခံတဲ့ ဆုံးဖြတ်ချက်တွေကနေ အဖြေတွေကို ရှာတတ်လာပါလိမ့်မယ်။

ဖတ်လိုက်ရင်ခဏလေးနဲ့ မြင်လွယ်ပေမယ့် တကယ်တမ်း လုပ်ကြည့်မယ်ဆို ခက်ခဲနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်နေရင်းကနေပြီး မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ မြင့်တက်လာပါလိမ့်မယ်။

(စာရေးသူ အလုပ်လုပ်တဲ့ Company ရဲ့ ကောင်းမှုကြောင့် Harvard Business School က Trainer တစ်ယောက်နဲ့ ဒီကိစ္စရပ်အပေါ် ဆွေးနွေးခွင့်ရခဲ့ပြီး၊ ဆွေးနွေးချက်တွေကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။)

Retail Marketing အခြေခံသဘောတရား

Standard

Retail ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း လက်လီရောင်းချတယ်ပေါ့။ ကုန်ပစ္စည်းတွေကို တိုက်ရိုက် စားသုံးသူတွေဆီ ရောင်းချခြင်း … တနည်း End User တွေဆီရောင်းချတယ်ဆိုပါတော့။ Retail Marketing လို့လည်းဆိုလိုက်ရော အရောင်းတက်စေရန်အလို့ငှာ မိမိဆိုင် (အရောင်းနေရာ) ကိုသိအောင်လုပ်ခြင်း၊ မိမိဆိုင်မှာပဲ ဈေးဝယ်သူမှ အမြဲတမ်းဝယ်ဖြစ်စေရန်ကြိုးစားခြင်း၊ မိမိဆိုင်ရှိကုန်ပစ္စည်းများကို အရောင်းမြှင့်တင်ခြင်းကို ဆိုလိုပါတယ်။

ဒီနေရာမှာ Retail Term နှစ်ခုကို သိထားဖို့လိုအပ်ပါတယ်။ Ticket Count နဲ့ Ticket Value ဆိုတဲ့နှစ်မျိုးပါ။ Formula လေးနဲ့ဆို လွယ်ပါတယ်။ အရောင်း (Sales) ရဖို့ Ticket Count နဲ့ Ticket Value ကို မြှောက်ရပါမယ်။ ဥပမာအနေနဲ့ ရောင်းအား တစ်နေ့ကို ၉၀၀ ကျပ်ရှိတဲ့ Supermarket တစ်ခုအနေနဲ့ မြင်ကြည့်ရအောင်။ Sales က ကျပ် ၉၀၀ ပေါ့။

Sales = TC x TV

TC ဆိုတာကတော့ ဈေးဝယ်သူတွေ ၀ယ်ယူထားတဲ့ Slip (ဘောက်ချာ) အရေအတွက်ကိုဆိုလိုပါတယ်။ Supermarket တစ်ခုရဲ့ တစ်နေ့ကို Slip (ဘောက်ချာ) စုစုပေါင်းလို့ ဆိုပါတယ်။ ဒီနေရာမှာ ဆိုင်ထဲကို လူဘယ်နှယောက်ဝင်လဲဆိုတာနဲ့မတူပါဘူး။ မိသားစုသုံးယောက်လာဝယ်တယ်ဆိုပါစို့။ Headcount က သုံးယောက်ဆိုပေမယ့် TC ကတော့ သူတို့တစ်ကြိမ်ပဲ Checkout Counter မှာ ရှင်းသွားရင် TC က ၁ ပဲဖြစ်မှာပါ။

TV ကတော့ ဈေးဝယ်သူတွေအားလုံးရဲ့ ပျမ်းမျှဝယ်နိုင်အားပါ။ တစ်နေကုန် ဈေးဝယ်သူ ၃ ယောက်ဝယ်တယ်ဆိုပါစို့ Customer A က ၁၅၀ ကျပ်ဖိုးဝယ်တယ်။ Customer B က ၃၅၀ ကျပ်ဖိုးဝယ်တယ်။ Customer C က ၄၀၀ ကျပ်ဖိုးဝယ်တယ်ဆိုရင် ဒီဆိုင်ရဲ့ TV တန်ဖိုးက [(၁၅၀+၃၅၀+၄၀၀) / ၃] ဆိုတော့ ၃၀၀ ဖြစ်မှာပါ။

ပေးထားတဲ့ ဥပမာနဲ့ဆက်ရမယ်ဆိုရင် ဒီ Supermarket မှာ Slip အရေအတွက် ၃ စောင်နဲ့ ရောင်းအား ၉၀၀ ကျပ်ရှိပြီး၊ သူတို့တွေရဲ့ ပျမ်းမျှဝယ်နိုင်အားက ကျပ် ၃၀၀ ဖြစ်မှာပါ။

Retail Marketing

Retail Marketing သမားတွေဘာလုပ်လဲ?

ဒီမေးခွန်းကိုဖြေဖို့ အပေါ်မှာ အရှည်ကြီးရှင်းပြခဲ့သလိုပဲ Retail Marketer တွေရဲ့အလုပ်က အပေါ်က TC နဲ့ TV ကို ကလိတာပါပဲ။ သူတို့ ဘယ်လို ကလိလဲဆိုတဲ့ Strategy တွေကတော့ Retailer တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ Formula ကိုပြန်ကြည့်ရအောင်။ ရောင်းအား (Sales) ကောင်းဖို့အတွက် Formula အရ TC နဲ့ TV ရဲ့ အလယ်မှာ အမြှောက်လက္ခဏာဆိုတော့ သူ့ရဲ့ ဂုဏ်သတ္တိက နှစ်ခုတည်းက ကြိုက်တဲ့တစ်ခုတက် အရောင်းလိုက်တက်ပါတယ်။ ဒါ့အပြင် ဈေးဝယ်သူတွေရဲ့ နေ့စဉ် Lifestyle ကို အကျိုးဖြစ်ထွန်းစေမယ့် အစီအစဉ်လေးတွေကတဆင့် မိမိဆိုင်ကို အမြဲတမ်းဝယ်ဖြစ်နေအောင်လုပ်ဆောင်ကြပါတယ်။

Retail Marketing (1)

POSM ကိုမေ့လို့မရဘူး

Point of Sales Materials (POSM) တွေဟာ Retail Marketer တွေအတွက် အရမ်းကို အရေးပါပါတယ်။ POSM ဆိုတာကတော့ ကုန်အမှတ်တံဆိပ်အချက်အလက်တွေကို ဈေးဝယ်သူတွေဆီကို အရောက်ပို့ပေးတဲ့ ကြော်ငြာလေးတွေပါ။ Supermarket တစ်ခုတည်းကိုဝင်သွားလိုက်မယ်ဆိုရင် သင့်ကိုအချက်အလက်တွေပေးနေတဲ့ BTL Ad (Below the Line) လေးတွေကို တွေ့ရမှာပါ။ ဥပမာ “၅၀% လျှော့ဈေး” ၊ “ယခင်ဈေး ၅၀၀ ကျပ် ယခု ၄၀၀ ကျပ်” ဆိုတဲ့ Information မျိုးလေးတွေကို ပေးနေတဲ့ ကြော်ငြာပစ္စည်းလေးတွေပေါ့။ လူတွေက Supermarket တွေကိုလာတဲ့အခါ အိမ်မှာ ဒီရောက်ရင်ဒါဝယ်မယ်ဆိုတာတွေက ၃၅%လောက်ပဲရှိတတ်ပြီး ကျန်တဲ့ ၆၅%လောက်က ကြိုတင်မစဉ်းစားထားပဲ ၀ယ်လိုက်မိတာမျိုးတွေပါ။ အဲဒါကြောင့် အဲဒီ ၆၅%ဆိုတာက POSM တွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒါကြောင့် Retail Marketer တွေအနေနဲ့ POSM ပေါ်မှာ Customer တွေကို Value Added ဖြစ်စေမယ့် Information တွေပေးခြင်းကနေ TC နဲ့ TV ကို မြှင့်တင်နိုင်ပါတယ်။

Retail Marketing (2)

TC တက်အောင်သူတို့ဘာလုပ်လဲ?

Value Driven Marketing ဆိုတဲ့ခေတ်ကြီးမှာ အမြဲတမ်း ဈေးဝယ်သူတွေ မိမိတို့ဆိုင်ထဲမှာ ပျော်မွေ့နေအောင် ပေးစွမ်းရပါတယ်။ ခဏခဏလာဝယ်ဖို့ (TC များဖို့) ဆိုတာ မိမိ ကုန်အမှတ်တံဆိပ်အပေါ် Loyalty ရှိနေမှရမှာပါ။ Shopping Experience ကောင်းတစ်ခုပေးနိုင်ဖို့ သူနဲ့ထိတွေနေတဲ့ နေရာတွေအကုန်လုံးမှာ အစစအရာရာသတိထားရပါတယ်။ ဒီနေရာမှာ Retail Marketing အကြောင်းအဓိကဆွေးနွေးမှာဆိုတော့ အခြား Operation နဲ့ Merchandizing အပိုင်းတွေကို ခဏမေ့ထားရအောင်။

၁) မိမိရဲ့ ကုန်အမှတ်တံဆိပ်နှင့် ဆိုင်အားသိရှိစေခြင်း

ဝယ်သူတွေဟာ အကြားအမြင်မရလို့ ဘယ်ဆိုင်ဘယ်နားမှာဖွင့်တော့မယ်ဆိုတာ ကြိုမသိပါဘူး။ Awareness ကောင်းအောင် မိမိရဲ့ Brand Direction အပေါ်မူတည်ပြီး လိုအပ်တဲ့ နည်းဗျူဟာ (Tactics) တွေနဲ့ တွန်းရပါတယ်။

၂) Loyalty တည်ဆောက်ခြင်း

အပြောလွယ်သလောက် အလုပ်သိပ်ခက်တယ်လို့ စာရေးသူကတော့ ဒီ အကြောင်းအရာပေါ်မြင်ပါတယ်။ Short Term နဲ့ Long Term ဆိုပြီးခွဲကြည့်လိုက်ရအောင်။ Short Term ဆိုရင်တော့ Repeat Purchase ကိုဖြစ်စေတဲ့ Storewide Promotion မျိုးလေးတွေ Run တာမျိုးတွေ့ရပါတယ်။ တစ်လအတွင်း Sticker ဘယ်နှခုရရင် Shopping Voucher ဘယ်လောက်ပြန်ပေးမယ်ဆိုတာမျိုး၊ နောက်တစ်ခေါက်လာဝယ်တဲ့အခါ (Next Purchase) Discount လျှော့ပေးတာမျိုးကအစပေါ့။

Long Term ဘက်ကိုပြန်သွားရင်တော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ မိမိရဲ့ CRM (Customer Relationship Management) နဲ့ပါ တိုက်ရိုက်ပိုပြီး ဆက်စပ်လာလို့ပါ။ ဥပမာ Point စနစ် အခြေပြု Loyalty Card တွေဆိုပါတော့။ ဈေးဝယ်သူတွေရဲ့ ဘာကြိုက်တယ်၊ ဘယ်လို Pattern မျိုးနဲ့ဝယ်တယ် စတာတွေကတဆင့် ဈေးဝယ်သူလိုအပ်နိုင်မယ့် Information တွေကို ပေးနိုင်တဲ့အထိ လုပ်ဆောင်လို့ရပါတယ်။ XYZ မြေပဲဆီကို အမြဲဝယ်တတ်တဲ့သူကို XYZ မြေပဲဆီ Promotion ရှိတဲ့အခါ သူ့ဆီကို အဲဒီ့ Information ပေးတာမျိုးပေါ့။ နည်းပညာပိုင်းအကူအညီတွေလည်း အများကြီးလိုအပ်ပါတယ်။

Retail Marketing (3)

၃) Store Ambience တည်ဆောက်ခြင်း

“ဒီဆိုင်လေးက ၀ယ်လို့ကောင်းတယ်နော်” ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုတွေအများကြီးရှိပါတယ်။ Retail is Details ပါ။ Christmas သစ်ပင်နဲ့ ဓာတ်ပုံလေးတစ်ပုံ ဈေးဝယ်သူတွေရိုက်နိုင်ဖို့ဆိုတာဟာ Christmas ဆိုတဲ့ အချိန်ကာလနဲ့ လိုက်လျောညီထွေဖြစ်နေတဲ့ Ambience ကိုဖန်တီးပေးတာပါပဲ။ ထိုနည်းတူစွာပဲ သင်္ကြန်မတိုင်မီမှာ ပိတောက်ပန်းနဲ့အလှဆင်တာမျိုး၊ စတုဒီသာကျွေးတာမျိုးတွေက ကောင်းမွန်တဲ့ Store Ambience တွေကို ဦးတည်ပြီး Customer တွေကို Positive Moment တွေဖန်တီးပေးပါတယ်။

၎) ပွဲများပြုလုပ်ခြင်း

Event တွေကတော့ ဆိုင်ကို လူတွေဝင်ဖို့ ဆွဲဆောင်ပါတယ်။ ဈေးဝယ်သူတွေကို ဖျော်ဖြေရေးအစီအစဉ်ကောင်းလေးတွေနဲ့ ဆိုင်ကိုလာဖို့ဆွဲဆောင်ရပါတယ်။ ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ဈေးဝယ်သူတွေကိုတိုင် ပါဝင်လို့ရမယ့် အစီအစဉ်တွေနဲ့အတူ အကောင်းဆုံး Moment တွေ ဖန်တီးပေးရပါတယ်။

၅) Promotion ကုန်ပစ္စည်းများ

ဘယ် Supermarket မှာမဆို ကုန်ပစ္စည်း Promotion ဆိုတာ ရှိတတ်ပေမယ့် Discount Store တွေမှာ အများဆုံးတွေ့ရပါတယ်။ တင်သွင်းသူတွေနဲ့ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေနိုင်တဲ့ Promotion မျိုးတွေဖန်တီးပေးခြင်းကတဆင့် ဈေးဝယ်သူတွေကို စိတ်ကျေနပ်မှုတွေရရှိစေပါတယ်။

Retail Marketing (4)

TV တက်အောင်သူတို့ဘာလုပ်လဲ?

ဈေးဝယ်သူတွေရဲ့ ၀ယ်နိုင်အားကို ဆွဲတင်တာမျိုးကို ဆိုလိုပါတယ်။ မိသားစုတစ်စုက အပတ်စဉ် ၈၀၀ ကျပ်ဖိုးဈေးဝယ်တယ်ဆိုရင် ၁၀၀၀ ကျပ်ဝယ်ရင် သူတို့အတွက် လိုအပ်မယ့်တစ်ခုခု ဒါမှမဟုတ် မက်လုံးတစ်ခု (Incentive) တစ်ခုဖန်တီးပေးတာမျိုးပါ။ “ကျပ်ငါးသောင်းဖိုးပြည့်တိုင်း ဗလာမပါကံစမ်းမဲတစ်ခု” ၊ “ကျပ်ငါးသောင်းဖိုးပြည့်တိုင်း အိမ်စီးကားအသစ်အတွက် ကံစမ်းမဲကူပွန်တစ်စောင်” ဆိုတာမျိုးတွေပေါ့။

ဒါအပြင် POSM တွေရဲ့ အကူအညီနဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုပြီး လုပ်ဆောင်တာမျိုးတွေလည်းရှိပါတယ်။ “Buy 2 Get 1” ဆိုတာမျိုးတွေက ၁ ဘူးပဲဝယ်ဖို့လာတဲ့ မိသားစုတစ်စုကို Promotion ရှိတုန်းလေးဆိုပြီး ၃ ဘူးဝယ်သွားစေခြင်းမှတဆင့် Promotion ရလို့ ဈေးဝယ်သူတွေပျော်ရွှင်မှုတွေရကြပါတယ်။

Retail Marketing (5)

အခုပြောပြသွားတဲ့ အကြောင်းအရာတွေဟာ အခြေခံသဘောတရားများသာဖြစ်ပြီး ဘယ်လိုမျိုး Strategy တွေ၊ Tactics တွေနဲ့လုပ်ဆောင်တယ်ဆိုတာ Retail Brand တွေအပေါ်မူတည်ပြီး ကွာခြားတတ်ပါတယ်။ Wal Mart က Everyday Low Price ဆိုတဲ့အချိန်မှာ Whole Foods Market ကတော့ Healthy ၊ Organic စတာမျိုးနဲ့ Differentiate လုပ်ကြပါတယ်။ သွားချင်တဲ့ပုံစံအပေါ်မူတည်ပြီး အထက်မှာပြောထားတဲ့ POSM အသုံးပြုပုံတွေ၊ POSM မှာပါတဲ့ Information တွေ၊ TC နဲ့ TV ကို ကစားတဲ့ ပုံစံတွေဟာ ကွဲပြားသွားမှာဖြစ်ပါတယ်။ Retail ဟာ အရမ်း Detail ကြတဲ့အတွက် Retail Marketing ရဲ့ အခြေခံသဘောတရားကိုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။

 

ကျေးဇူးတင်ပါတယ်။

“Marketing is a race without a finishing line” ~ Philip Kotler

Ansoff Matrix အား Content Marketing ဖြင့် ချဉ်းကပ်ခြင်း (သို့မဟုတ်) Content Marketing ဖြင့် မဟာဗျူဟာမြောက် Growth ဖြစ်စေခြင်း

Standard

Growth Strategies လို့ပြောလိုက်ရင် Marketer တွေအားလုံးပြေးမြင်ကြတာကတော့ Ansoff Matrix ဆိုတာကြီးပါပဲ။ (ပုံတွင် Refer ပြုလုပ်ရန်) အဓိကကတော့ Growth Options တွေ စဉ်းစားတဲ့အချိန်တွေမှာပေါ့။ ဒီ Matrix ကြီးက မိမိ ကုန်ပစ္စည်း/၀န်ဆောင်မှု စတာတွေကို ဈေးကွက် (Market) ထဲမှာ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မှာလဲဆိုတဲ့ပုံစံကို စဉ်းစားတဲ့နေရာမှာ အထောက်အကူဖြစ်စေတယ်။ Growth Stragegy အနေနဲ့ ရွေးချယ်စရာကတော့ ၄ မျိုးပါ။

၁) လက်ရှိကုန်ပစ္စည်းကိုပဲ လက်ရှိဈေးကွက်မှာထိုးဖောက်ခြင်း

၂) ကုန်ပစ္စည်းအသစ်ကို လက်ရှိဈေးကွက်မှာထိုးဖောက်ခြင်း

၃) လက်ရှိကုန်ပစ္စည်းကိုပဲ ဈေးကွက်အသစ်မှာထိုးဖောက်ခြင်း

၎) ကုန်ပစ္စည်းအသစ်ကို ဈေးကွက်အသစ်မှာထိုးဖောက်ခြင်း

အရမ်းကောင်းတဲ့ Growth Strategies Concept တွေကို နောက်ပိုင်းမှာခေတ်စားလာတဲ့ Content Marketing နဲ့ ချဉ်းကပ်ကြည့်ဖို့ ကြိုးစားကြည့်ကြရအောင်။ “Content တွေကတော့ လူတွေသိချင်ဖြစ်ချင်နေတဲ့အရာတွေကို ကိုယ့်ပေးချင်တဲ့ Information ကတဆင့် (တိုက်ရိုက်မဟုတ်သောပုံစံဖြင့်) ရရှိစေခြင်း” ဖြစ်ပါတယ်။ Content Marketing က ဆွဲခေါ်သွားတာက Marketer တွေသည် Brand Promoter တွေဆိုတာထက် Storyteller တွေအဖြစ် ရောက်ရှိသွားစေတယ်။ အဲဒီတော့ Content တွေက ကြော်ငြာပုံစံသစ်အသွင်ကိုဆောင်လာပြီး၊ #hashtags တွေက Social Media တွေပေါ်မှာ အရင်တုန်းက Tagline တွေလိုမျိုး လုပ်ဆောင်လာကြတယ်။ (Content Marketing အသေးစိတ်ကို ဒီမှာ Marketing 4.0 ကပြောတဲ့ Content Marketing တွင် ဖတ်ရှုနိုင်ပါတယ်။)

ကဲစလိုက်ကြရအောင် …

၁) လက်ရှိကုန်ပစ္စည်းကိုပဲ လက်ရှိဈေးကွက်မှာထိုးဖောက်ခြင်း

လက်ရှိဈေးကွက်မှာပဲ မိမိရဲ့ လက်ရှိကုန်ပစ္စည်းနဲ့ပဲ Market Share ပိုရအောင်လုပ်မယ်ပေါ့။ (နေ့တိုင်းလုပ်နေကြတဲ့အလုပ်လေ … ဟီးဟီး) ဒီ Option က Market ကြီးတစ်ခုလုံး Growth ဖြစ်နေတဲ့အချိန်ဆို အရမ်းကောင်းတဲ့ Strategy ပဲ။ Intensive Distribution ပုံစံနဲ့ Aggressive Promotion တွဲလုံးနဲ့ပွဲထုတ်တဲ့ အခင်းအကျင်းမျိုးပေါ့။

Content ဘက်ကပြန်ကြည့်ရင် Brand တွေက ဘယ်လို Story မျိုးတွေနဲ့ချဉ်းကပ်ကြည့်မလဲ? ဥပမာ – သွားတိုက်ဆေးဆိုပါတော့ … Frequency ကိုတင်ကြည့်ရအောင်။ “အစာစားပြီးတိုင်းသွားတိုက်ခြင်းဖြင့် သင့်ရဲ့ကျန်းမာရေးစရိတ်ကို လျှော့ချပါ” … ဆိုလိုတာက တစ်နေ့နှစ်ကြိမ်တိုက်နေရာကနေ အစာစားပြီးတိုင်းဆိုတော့ အကြိမ်အရေအတွက်များလာခြင်းကတဆင့် Market ထဲကို ပိုမိုထိုးဖောက်တာပေါ့။ Communication အနေနဲ့ Brand Message နဲ့ရောပြီး Tools တွေ အားလုံးကို Integrate လုပ်တဲ့အခါ … ပေးချင်တဲ့ Value က – သုံးစွဲသူတွေရဲ့ ကျန်းမာရေးစရိတ်ကိုလျှော့ချဖို့ ၊ KOL [Key Opinion Leader] (ဥပမာ – သွားဆရာဝန်မ Cele လေးထားပါတော့) တွေကနေ သွားကျန်းမာရေးနဲ့ ပက်သတ်ပြီး အစာစားပြီးတိုင်းသွားတိုက်ရင် ကျန်းမာရေးကောင်းတယ်ဆိုတဲ့အကြောင်း Viral ဖြစ်အောင်လုပ် ၊ Video Content အနေနဲ့ ကျန်းမာရေးစရိတ်ချွေတာလိုက်လို့ ဘ၀အတွက် ပိုပြီးအရေးပါတဲ့အရာတွေလုပ်သွားနိုင်လို့ မိသားစုတစ်ခုတိုးတက်သွားတဲ့အကြောင်းလေးတွေကို Sharable ဖြစ်အောင်ရိုက်ပြီးတင် ၊ #LoveYourTeeth Campaign တို့ Contest တို့ Engagement ရအောင် Run ၊ Seasonal ဒါမှမဟုတ် Context တစ်ခုခုနဲ့ချိတ်ပြီး လုပ်။ ဒါဆို Story လေးကလှသွားပြီ။ Offline ကနေလည်း ATL Ad တွေ BTL Activities တွေနဲ့ Sales Activations လုပ်ရင် Online to Offline ချိတ်ဆက်ပြီး Market Penetration ပုံစံကို ဖော်ဆောင်လိုက်ပြီပေါ့။

၂) ကုန်ပစ္စည်းအသစ်ကို လက်ရှိဈေးကွက်မှာထိုးဖောက်ခြင်း

ဒါကတော့ လက်ရှိ Market ထဲကိုပဲ New Product launch လုပ်ကြည့်မယ်ပေါ့။ အဲဒီမှာ ၂ ပိုင်းရှိတယ်။ နည်းနည်းလေး ကုန်ပစ္စည်းကို ပြင်ဆင်ပြောင်းလဲလိုက်တာနဲ့ လုံးဝအသစ်ကြီးကို Launch တာမျိုးပေါ့။ လက်ရှိဈေးကွက်ဆိုတော့ မိမိအနေနဲ့ Familiar ဖြစ်ပေမယ့်လည်း Risk ကတော့ရှိနေမှာပါပဲ။ Customer Demand နဲ့လိုက်ပြီး မိမိဘက်က ပြောင်းလဲပြီးကစားတဲ့အခင်းအကျင်း။

Content ဘက်ကပြန်ကြည့်ရင် Brand တွေက ဘယ်လို Story မျိုးတွေနဲ့ချဉ်းကပ်ကြည့်မလဲ? ဥပမာ – သွားတိုက်ဆေးပဲကွာ … (Technical တွေ နားတော့သိပ်မလည်ဘူး ဥပမာလို့ပဲမြင်ပေးပါနော်) “သွားတွေပိုခိုင်မာဖို့  အခြားသွားတိုက်ဆေးတွေထက် အရည်အသွေးမြင့် Fluoride ပါတဲ့ XYZ သွားတိုက်ဆေးအသစ်” … ဆိုလိုတာက ဈေးခြင်းအတူတူဆိုရင်တောင် သွားကိုပိုမိုခိုင်မာစေတဲ့ XYZ Brand ကိုပဲရွေးဆိုတာကတဆင့် Market ထဲကို ပိုမိုထိုးဖောက်တာပေါ့။ Communication အနေနဲ့ Brand Message နဲ့ရောပြီး အားလုံးကို Integrate လုပ်တဲ့အခါ … ပေးချင်တဲ့ Value က – သုံးစွဲသူတွေရဲ့ သွားတွေကိုပိုပြီးခိုင်မာစေချင်လို့ ၊ KOL [Key Opinion Leader] (ဥပမာ – သွားဆရာဝန်မ Cele လေးပဲဆက်သုံးမယ်နော်) တွေကနေ သွားကို ဘယ်လိုတိုက်မှ မှန်ကန်တယ်ဆိုတာကို Viral ဖြစ်အောင်လုပ် ၊ Native Content Ad တွေကို ကျန်းမာရေး Blog တွေ Website တွေမှာတက် ၊ #SmileMore Campaign တို့ Contest တို့ ကို မိသားစု Photo Contest လိုဟာမျိုး Engagement ရအောင် Run ၊ Seasonal ဒါမှမဟုတ် Context တစ်ခုခုနဲ့ချိတ်ပြီး လုပ်။ ဒါဆို Story လေးကထပ် လှသွားပြန်ပြီ။ Offline ကနေလည်း ATL Ad တွေ BTL Activities တွေနဲ့ Product Launch ကိုလုပ်ရင် Online to Offline ချိတ်ဆက်ပြီး Product Development တစ်ခု ပြီးပြီပေါ့။

၃) လက်ရှိကုန်ပစ္စည်းကိုပဲ ဈေးကွက်အသစ်မှာထိုးဖောက်ခြင်း

အဓိကချဲ့ထွင်တဲ့ပုံစံလို့ဆိုလို့ရတယ်။ Market Segment အသစ်ရှာတာမျိုး၊ သုံးဆွဲသူအသစ်ရအောင်လုပ်တာတွေ၊ တခြား Market အသစ်တစ်ခုမှာသွားရောင်းတာမျိုးတွေကို တွေ့ရပါတယ်။ အလွယ်အားဖြင့် Distribution မှာ Channel တစ်ခုထပ်တိုးတာမျိုးလည်း အပါအ၀င်ပေါ့။ ကိုယ်သွားချင်တဲ့ Market ရဲ့ Market Size ကို သိထားဖို့လိုအပ်တယ်။ အရေးကြီးဆုံးကတော့ ကိုယ်သွားချင်တဲ့ Market မှာရှိနေတဲ့ Consumer Behaviour ကိုသိရှိနားလည်ထားဖို့ပါပဲ။ Customer လိုချင်တာနဲ့ မိမိဘက်ကပေးတဲ့ ကုန်ပစ္စည်းကြားမှာ ဘယ်လို Marketing လုပ်မလဲဆိုတာက ဒီ Strategy ရဲ့ အခရာ။

Content ဘက်ကပြန်ကြည့်ရင် Brand တွေက ဘယ်လို Story မျိုးတွေနဲ့ချဉ်းကပ်ကြည့်မလဲ? ဥပမာ – သွားတိုက်ဆေးပါပဲ။ အရင်ရန်ကုန်မှာပဲရှိတာကနေ ရှမ်းပြည်မှာကို Market ချဲ့ထွင်မယ်ဆိုပါတော့။ Communication ပြုလုပ်တဲ့အခါ KOL [Key Opinion Leader] က (ဥပမာ – သွားဆရာဝန်မ Cele လေးထားပါတော့) သွားကျန်းမာရေးအရေးကြီးကြောင်း ရှမ်းပြည်အထိသွားပြီးသရုပ်ပြတဲ့ Video ရိုက်၊ ရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့ ဒါမဟုတ် အဲဒီကလူတွေအကြည့်များတဲ့ Website တွေ Blog တွေမှာ Native Ad တွေလုပ် ၊ Offline Ground Activity ကို Support လုပ်တဲ့ Content တွေကိုတင် (Engagement လိုချင်ရင် ရှမ်းပြည်အလှဆိုပြီး Photo Contest တောင် Run လို့ရသေးတယ်) ၊ Seasonal ဒါမှမဟုတ် Context တစ်ခုခုနဲ့ချိတ်ပြီး လုပ်။ Offline ကနေလည်း ATL Ad တွေ BTL Activities တွေနဲ့ ဈေးကွက်အသစ်ကိုဝင်ရင် Market Development ပုံစံကို ဖော်ဆောင်လိုက်ပြီပေါ့။

၎) ကုန်ပစ္စည်းအသစ်ကို ဈေးကွက်အသစ်မှာထိုးဖောက်ခြင်း

ကိုယ့် Company က ကျဆင်းနေတဲ့ Market ကိုတုံ့ပြန်တာမျိုး ဒါမှမဟုတ် Rish တွေကို Share လုပ်လိုက်တာ၊ Market ထဲမှ မိမိ Company ရဲ့ သြဇာအာဏာကိုကြီးအောင်လုပ်တာ အဲဒါတွေက Diversification လုပ်မယ်ဆိုတဲ့ Option ကို ဖြစ်လာစေတယ်။ Diversification လုပ်တဲ့အခါ အရေးအကြီးဆုံးကတော့ Risk Assessment ပါပဲ။ Related Diversification ကတော့ လက်ရှိကုန်ပစ္စည်း/ဈေးကွက်နဲ့ ဆက်စပ်မှုရှိတာမျိုးကိုပဲလုပ်တာပါ။ Unrelated ကတော့ မိမိရဲ့ Network ထဲကနေကျော်လွန်ပြီး တကယ့်ကို ကြီးကြီးမားမားထိုးဖောက်တာမျိုးပါ။ သွားတိုက်ဆေးဥပမာလေးနဲ့ပဲဆက်သွားလိုက်ရအောင်။ Related ဆိုပါတော့။ ရှင်းပါတယ် သွားပွတ်တံထုတ်မှာပေါ့။

Content ဘက်ကပြန်ကြည့်ရင် Brand တွေက ဘယ်လို Story မျိုးတွေနဲ့ချဉ်းကပ်ကြည့်မလဲ? Communication ပြုလုပ်တဲ့အခါ KOL [Key Opinion Leader] က (ဥပမာ – သွားဆရာဝန်မ Cele လေးထားပါတော့) သွားကျန်းမာရေးမှာ သွားတိုက်ဆေးအပြင် သွားပွတ်တံကပါ အရေးပါကြောင်း Viral ဖြစ်အောင်လုပ် ၊ Creative Visual တွေ GIF တွေနဲ့ Product Paring တွေကိုပြ ၊ Contest တစ်ခုတောင် Run ချင်ရင်ရသေးတယ် … ဥပမာ သွားပွတ်တံအများကြီးနဲ့ ပုံဖော်တဲ့ Challenge လိုဟာမျိုး၊ Offline မှာ Run မယ့် သွားတိုက်ဆေးရောသွားပွတ်တံရောဝယ်ရင် ဈေးလျှော့မယ်ဆိုတာကို Online မှာ ပါးပါးလေးပုတ်၊ Seasonal ဒါမှမဟုတ် Context တစ်ခုခုနဲ့ချိတ်ပြီး လုပ်။ Offline ကနေလည်း ATL Ad တွေ BTL Activities တွေနဲ့ Diversify လုပ်။

အခုလိုချိတ်ဆက်ကြည့်တဲ့နေရာမှာ မှီခိုနေတဲ့အကြောင်းအရာတွေအများကြီးရှိသေးတယ်ဆိုတာလည်း မမေ့ပါနဲ့နော်။ Strategic Option တစ်ခုနဲ့ Content Marketing သာချိတ်ဆက်ခြင်းဖြစ်လို့ Brand Direction တွေ၊ Offline Marketing Activity တွေရဲ့ ပံ့ပိုးမှုတွေကလည်း တကယ့်ကို ထည့်သွင်းစဉ်းစားရမယ့်အချက်တွေပါပဲဆိုတာပြောရင်း နိဂုံးချုပ်ပါရစေနော်။

ကျေးဇူးတင်ပါတယ်။

“Marketing is a race without a finishing line” ~ Philip Kotler

 

 

Marketing 4.0 ကပြောတဲ့ Content Marketing

Standard

Content ဆိုတာ ပုံစံသစ်နဲ့ကြော်ငြာတစ်ခုသာ … Hashtag (#) ဆိုတာ Brand တစ်ခုအတွက် Tagline အသစ်ပါ … (Initiating Conversations with Powerful Storytelling)

ကဲ … ဒီဘက်ခေတ်မှာ Marketer တွေလုပ်စားရတာ မလွယ်ကူတော့တာက ကိုယ့်ကြော်ငြာထဲမှာ ကိုယ်ပြောထားတဲ့ အမှန်တရားပါဆိုတဲ့အရာတွေကိုတောင် ဈေးဝယ်သူတွေက မယုံတော့တဲ့ခေတ်။ ဆိုလိုချင်တာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကလို မြ၀တီကပြတဲ့ တရုတ်သိုင်းကားကြားထဲ TVC 30 စက္ကန့် ကို 10 spots လောက်ရိုက်လိုက်ရင် မနက်ကျရင်ဈေးထဲမှာ ပြေးဝယ်တဲ့ခေတ်မဟုတ်တော့ဘူး။ Internet ကဆင့် သယ်ဆောင်လာတဲ့ ပွင့်လင်းမြင်သာမှုတွေက Content Marketing ကို မွေးဖွားပေးလိုက်တာပါပဲ။ လူတွေ Internet ကနေချိတ်ဆက်လာတာကဆင့် Brand တစ်ခုချင်းစီရဲ့ တကယ့် အမှန်တရားပါဆိုတဲ့ အရာတွေကို သိရစေတယ်။ လူတွေက သူတို့ပစ္စည်းတစ်ခုကိုမ၀ယ်ခင် သူများတွေကို မေးပြီလေ။ ဘာမေးတာလဲဆိုတော့ အမှန်စင်စစ် Brand တစ်ခုအတွက် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေရဲ့ ပကတိအမြင်တွေ။ လူတွေက သူများပြောတဲ့ Brand တစ်ခုကို Marketer တွေ ကြော်ငြာထဲမှာပြောနေတာထက် ပိုပြီးယုံလာကြတယ်။

Content Marketing တိုတိုနဲ့လိုရင်းပြောမယ်ဆိုရင် Brand တွေကိုယ်တိုင်ဟာ စာအုပ်တိုက်တွေလိုပဲ။ ဥပမာ Brand တွေကိုယ်တိုင်က မဂ္ဂဇင်းတစ်အုပ်လိုပဲ။ စာဖတ်သူနဲ့  အတွင်းကျကျဆက်စပ်နိုင်မှုရှိဖို့လိုအပ်လာတယ်။ အထဲမှာပါတဲ့ အကြောင်းအရာတွေက Target Audience ကို ဘယ်လောက်ထိ စိတ်ဝင်စားစေမှာလဲ၊ ဘယ်လိုဆက်စပ်မှုရှိတာလဲနဲ့ ဘာတွေအသုံးဝင်စေမှာလဲဆိုတာက သူတို့ဆီကို ကိုယ်ပေးချင်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတုံ့ပြန်မှာလဲဆိုတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံးလည်းကျရော Content Marketing က ဆွဲခေါ်သွားတာက Marketer တွေသည် Brand Promoter တွေဆိုတာထက် Storyteller တွေအဖြစ် ရောက်ရှိသွားစေတယ်။ အဲဒီတော့ Content တွေက ကြော်ငြာပုံစံသစ်အသွင်ကိုဆောင်လာပြီး၊ #hashtags တွေက Social Media တွေပေါ်မှာ အရင်တုန်းက Tagline တွေလိုမျိုး လုပ်ဆောင်လာကြတယ်။

Content Marketing အကြောင်းပြောမယ်ဆိုရင် Social Media အပိုင်းက တကယ့်အရေးအကြီးဆုံးပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် Social Media လောကမှာ Facebook ကြီးက ဘုရင်တစ်ဆူပေါ့။ ဥပမာ – Online Shop တစ်ခုကနေ ကိုယ်ကြိုက်တာလေးတစ်ခုလောက်ဝယ်မယ်ဆိုပါစို့။ ဒီ Product နဲ့ ပတ်သက်တဲ့ Review တွေ၊ Comment မှာ ဘာရေးထားလဲဆိုတဲ့အကြောင်းအရာတွေ၊ Visitor Post တွေ၊ Rating တွေ အကုန်ကြည့်တတ်ကြတယ်လေ။ အဲဒါတင်မကသေးပဲ ပိုသေချာအောင်ဆိုပြီး Status တင်မေးတာတွေလည်း ရှိသေးတယ်။ ဒါတွေဟာဘာကိုပြနေသလဲဆိုတော့ Content Marketing ခေတ်မှာ ကိုယ့် Brand က ဘာကြီးပါ၊ ညာကြီးပါလို့ အော်နေတာ အရေးမဟုတ်ဘူး။ သူများက ကိုယ့် Brand ကို မင်းက ဘာကြီးပါ၊ ညာကြီးပါလို့ ပြောတာကမှ အစစ်။ (ပြောပါတယ် … ဒီဘက်ခေတ် Marketing လုပ်ရတာ မသက်သာပါဘူးလို့)

အရင်တုန်းက လူတွေက တီဗွီ၊ ရေဒီယိုတွေကလာတဲ့ အကြောင်းအရာတွေကို ရွေးချယ်လို့မရပဲ ကြည့်ရနားထောင်ရတယ်။ အခုတော့ Social Media ရေစီးကြောင်းမှာတော့ လူတွေ Content တွေကို Consume လုပ်တဲ့အခါ ကြော်ငြာတွေက နှောက်ယှက်လို့မရတော့ပါဘူး။ ဥပမာ YouTube မှာ သင့်အတွက် အချိန် ၅ စက္ကန့်ပဲ ကြော်ငြာအတွက် အချိန်ပေးပါတယ်။ (SKIP AD ဆိုတာကြီးမနှိပ်ဘူးဆိုရင်ပေါ့) Marketer တွေကသာ အဲဒီ ၅ စက္ကန့်အတွင်း Attention မယူနိုင်ဘူးဆိုရင်တော့ ရေထဲကို ခဲလုံးပစ်ချလိုက်သလိုပါပဲ။ (ပလုံ …)

Content တွေဟာ ကြော်ငြာပုံစံသစ်တွေလို့ဆိုပေမယ့် တကယ့်တော့ ဒီနှစ်ခုက မတူပါဘူး။ ကြော်ငြာဆိုတာက ကိုယ်ပေးချင်တဲ့ Message ကို ဈေးဝယ်သူကို သိစေခြင်းသာဖြစ်ပြီး “Content တွေကတော့ လူတွေသိချင်ဖြစ်ချင်နေတဲ့အရာတွေကို ကိုယ့်ပေးချင်တဲ့ Information ကတဆင့် ရရှိစေခြင်း” ဖြစ်ပါတယ်။ တိုက်ရိုက်ကြီးမဟုတ်ဘူးနော်။ Engage ဖြစ်တဲ့ Content တွေအကုန်လုံးဟာ ဒီ Brand ကကောင်းပါတယ်၊ ၀ယ်ပါ ဆိုတာမျိုးထက် သူ့ရဲ့ Personal Lifestyle နဲ့ မိမိ Brand Equity ကို ချိတ်ဆက်နိုင်ခြင်းသာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

“Marketing is a race without a finishing line” ~ Philip Kotler

ခုတုံးလုပ်ကြော်ငြာခြင်း

Standard

ခုတုံးလုပ်ကြော်ငြာတယ်ဆိုတာ အစိုးရ သို့မဟုတ် ခိုင်မာသော စားသုံးသူစောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုမှ လူပတ်ဝန်းကျင်အတွက် အကျိုးမပေးသဖြင့် ကန့်သတ်ထားသော ကုန်ပစ္စည်းကို အခြားကန့်သတ်ထားခြင်းမရှိသော ကုန်ပစ္စည်းတစ်ခုနှင့် အသွင်ဆောင်ကာ အမှတ်တံဆိပ်အားသိစေခြင်းဖြစ်ပါသည်။ ဥပမာ အရက်နှင့်ဆေးလိပ် စသည် …

တိကျသောလုပ်ထုံးလုပ်နည်းများသတ်မှတ်ထားတဲ့နေရာမှာ အားနည်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအတွက် လွန်စွာမှပင် နစ်နာခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ကြော်ငြာများတစ်နေ့ထက်တစ်နေ့ များပြားလာပါသည်။ သက်ဆိုင်ရာအနေနဲ့လည်း ဒီလို Marketing ခုတုံးလုပ်ပုံ တွေကိုသိရှိပြီး အရေးယူဆောင်ရွက်ဖို့ မျှော်လင့်ရပါသည်။

ရေသန့်လိုလို / အင်္ကျီလိုလို / CSR PR Ad လိုလို အဲ့လို လိုလို လိုလိုတွေများပြားလာခြင်းကို ထိထိရောက်ရောက်မကိုင်တွယ်ဘူးဆိုပါက မြန်မာနိုင်ငံရဲ့ အနာဂါတ်လူငယ်များအတွက် ရင်လေးဖွယ်ရာဖြစ်လာမှာ သေချာပါသည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အထင်ကရရာသီပွဲတော်များ၊ လူငယ်အမြောက်အများလာရောက်သောပွဲများ၊ အားကစားနှင့် အခြားသော ပွဲလမ်းသဘင်အမျိုးမျိုးထဲအထိ ယဉ်ကျေးမှုတစ်ခုအဖြစ်ရောက်ရှိစေရန် အပြင်းအထန်လုပ်ကိုင်လာကြခြင်းဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို မြင်နိုင်မှုကြိမ်နှုန်းကို မြှင့်တင်လာကြတာမျိုးတွေလည်း တွေ့ရပါသည်။ ထိုမှတဆင့် စမ်းသပ်သုံးစွဲမှုအားမြှင့်တင်ခြင်း၊ သုံးစွဲရန်တွန်းအားပေးခြင်းနှင့် ကုန်ပစ္စည်းသုံးစွဲမှုကြိမ်နှုန်းအားမြှင့်တင်ခြင်း စသည်တို့ကို လုပ်ကိုင်လာကြသည်။

Surrogate Advertising is a form of advertising which is used to promote banned products like cigarettes and alcohol, in the disguise of another product. (Source: Wiki)

အဆိုးဆုံးအနေအထားအနေဖြင့် ကလေးငယ်များတည်ရှိရာနေရာများအထိသွားရောက်ပြီး ကုန်အမှတ်တံဆိပ်အား မြင်မိ၊ မှတ်မိစေအောင်လုပ်ခြင်းက လူအဖွဲ့အစည်းတစ်ခုလုံးကို အညွှန့်တုံးစေရန် လုပ်နေခြင်းလားဟု မေးခွန်းထုတ်ရန် ဖြစ်လာပါတယ်။ ခုတုံးလုပ်ကြော်ငြာတာဟာ Marketing Ethics နဲ့ ချိန်ဆတဲ့အခါ သွေဖီတဲ့သဘောရှိတဲ့အတွက် ဒီလိုကြော်ငြာတွေကိုလုံးဝ ဆန့်ကျင်ကန့်ကွက်သင့်ပါတယ်။

ကျေးဇူးတင်ပါတယ်။

“Marketing is a race without a finishing line” ~ Philip Kotler